EPL: မန်ယူ - စပါး ပွဲစဉ်မကြည့်ခင် စဉ်းစားစရာ အချက် (၅) ချက်

ဒီတစ်ပတ်မှာ စပါးက မန်ယူအသင်း အိမ်ကွင်းကို လာရောက်ကစားရမှာ ဖြစ်ပါတယ်။

play

 

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်က မန်ယူ - စပါးအသင်းပွဲစဉ်လို့ ဆိုနိုင်ပါတယ်။

ဒီနှစ်အသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ အပေါ်အောက် ရပ်တည်နေတဲ့အသင်းတွေဖြစ်ပြီး ဒီရာသီမှာ အဓိကပြိုင်ဘက်တွေ ဖြစ်လာဖို့လည်း လမ်းစတွေ မြင်နေရတာကြောင့် သူတို့နှစ်သင်း တွေ့ဆုံခိုက်ဟာ တစ်ရာသီလုံးအတွက်က အရေးပါတဲ့ တွေ့ဆုံမှုလို့ ပြောရမှာပါ။

လက်ရှိအခြေအနေအရ ချယ်လ်ဆီး၊ လီဗာပူး၊ မန်စီးတီးနဲ့ အာဆင်နယ်တို့က ခြေစွမ်းငြိမ်ပြီး ရလဒ်ပိုကောင်းနေတဲ့အချိန်မှာ မန်ယူနဲ့ စပါးအသင်းဟာ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် တိုက်ပွဲဝင်ကြရဖွယ်ရှိတယ်လို့ အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါတယ်။

ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ရှိပါတယ်။

၁။ ရလဒ်မကောင်းခြင်းကို အဆုံးသတ်ရမယ့် မန်ယူ

play

 

နောက်ဆုံးပရီးမီးယားလိဂ်သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တဲ့ မန်ယူအတွက် လေးပွဲဆက်ဆိုတာ မဖြစ်သင့်တော့ဘူးဆိုပေမယ့် ဒီပွဲမှာ ရင်ဆိုင်ရမှာစပါးဖြစ်နေပါတယ်။ လက်ရှိမှာ မန်ယူက အဆင့်-၆ နေရာရပ်တည်နေရပြီး အဆင့်-၄ နေရာက

အသင်းနဲ့တောင်း ကိုးမှတ်ကွာဟနေတာပါ။ စပါးဆီက တစ်မှတ်မှ မရလိုက်ဘူးဆိုရင်တော့ မန်ယူအသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခွင့်ဟာ ဆုံးရှုံးသွားတော့မှာပါ။

၂။ ပြန်တောက်ပလာတဲ့ ဟယ်ရီကိန်း

play

 

ဒူးဒဏ်ရာကနေ ဟယ်ရီကိန်းပြန်သက်သာလာပြီးနောက် နောက်ဆုံးခြောက်ပွဲမှာ ၇ ဂိုးအထိသွင်းထားခဲ့သူဖြစ်ပါတယ်။ စပါးဟာ ဟယ်ရီိကန်းရောက်လာပြီးနောက်ပိုင်း အရမ်းဂိုးမြူးလာသလိုနောက်ဆုံး နှစ်ပွဲမှာ ရှစ်ဂိုးအထိ ရထားပါတယ်။ မန်ယူကို ဟယ်ရီကိန်း ဘယ်လောက်ဒုက္ခပေးမလဲ စောင့်ကြည့်ရမှာပါ။ တစ်ဖက်မှာ မန်ယူကလည်းဟယ်ရီကိန်းကိုခေါ်ဖို့ စိတ်ဝင်စားနေတယ် ဆိုပါတယ်။

၃။ အဆုံးသတ် လွဲချော်ဆဲ မန်ယူ

မန်ယူအသင်းဟာ ဒီရာသီမှာ ကစားပုံ ကောင်းလာပေမယ့် ကံမကောင်းခြင်းနဲ့ အဆုံးသတ်မသေချာခြင်းရဲ့ အကျိုးအပြစ်တွေကို ခံစားနေရတယ်လို့ မော်ရင်ဟိုက ဆိုထားပါတယ်။ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ်သုံးပွဲမှာ မန်ယူက ၃၉ ကြိမ် ဂိုးပေါက်ကန်ခဲ့ပေမယ့် သုံးဂိုးသာ ရတယ်ဆိုတာကို ကြည့်ရင် မော်ရင်ဟိုပြောတာ မှန်သင့်သလောက် မှန်တယ်လို့ ဆိုနိုင်ပါတယ်။

၎။ အယ်လ်ဒါဝီရယ် ပြန်လာပြီ

play

 

စပါးအသင်းမှာ နှစ်လနီးပါးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ အယ်လ်ဒါဝီရယ်ဟာ ကြားရက်အတွင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်လာခဲ့ပါတယ်။ ဒါကြောင့် မန်ယူနဲ့ပွဲမှာ အယ်လ်ဒါဝီရယ်လ် ပွဲထွက်လာမယ်လို့ ယူဆရပါတယ်။ အယ်လ်ဒါဝီရယ် ပြန်ပါလာတဲ့အခါ စပါးကွင်းနောက်တန်းဟာ ပိုတောင့်တင်းသွားမှာပါ။

၅။ အရေးပါတဲ့ တွေ့ဆုံမှု

ဒီနှစ်သင်းလုံးဟာ လက်ရှိအခြေအနေအရ ချန်ပီယံဖလားကို စိန်ခေါ်နိုင်စွမ်းရှိပါသေးတယ်။ ဒါပေမယ့် ထိပ်ဆုံးကအသင်းနဲ့ ၁၃  မှတ်ကွာဟနေတဲ့ မန်ယူအသင်းအနေနဲ့ ဒီပွဲမှာ စပါးကို ရှုံးလိုက်မယ်ဆိုရင် ချန်ပီယံမဖြစ်ဖို့ သေချာသွားပြီလို့ ဆိုရလောက်အောင် ဖြစ်သွားမှာပါ။ ဒီနှစ်သင်းဟာ  ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဓိကပြိုင်ဘက်တွေလည်း ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ဒီပွဲဟာ နှစ်သင်းလုံးအတွက် အရေးပါနေပါတယ်။

ှSource : Mirror

စပါးအသင်း ယခုနှစ်ချန်ပီယံလိဂ် ဝင်ခွင့်ရမည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ