EPL: အာဆင်နယ် နိုင်ပွဲရပြီးနောက် အမှတ်ပေးဇယားထိပ် ရောက်ရှိလာ

, updated

တစ်ဂိုးအရင်ပေးရပေမယ့် အာဆင်နယ်က သုံးဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

Arsenal vs Stoke City 3-1
play

 

စနေည ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ မှာ အာဆင်နယ်အသင်းက ပြိုင်ဘက် စတုတ်စီးတီးကို ဦးဆောင်ဂိုး အရင်ပေးလိုက်ရပေမယ့် ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းပြီး အမှတ်ပေးဇယားထိပ်မှာရှိနေတဲ့ ချယ်လ်ဆီးကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက တိုက်စစ်မှာ ဆန်းချက်ဇ်ကို ထားပြီး ချိန်ဘာလိန်၊ အိုဇေးလ်၊ ဝဲလ်ကော့တို့နဲ့ပွဲထွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၂၈ မိနစ်မှာ အာဆင်နယ်အသင်း ပင်နယ်တီပေးခဲ့ရပါတယ်။ စတုတ်ကစားသမား အယ်လန်ကို မလိုအပ်တဲ့ ရှာခါက ဥပဒေပ ကစားခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီသတ်မှတ်ခဲ့ပြီး အဆိုပါ ပင်နယ်တီကို ချာလီအဒမ်က တည်တည်ငြိမ် ကန်သွင်းယူသွားတာဖြစ်ပါတယ်။

play

 

ဒါပေမယ့် ပထမပိုင်းပြီးဆုံးဖို့ မိနစ်အနည်းငယ်အလိုမှာ အာဆင်နယ် ချေပဂိုးပြန်ရခဲ့တာပါ။ ဘယ်လာရင်ရဲ့ အကောင်းဆုံးပြန်လည်ပေးပို့မှုကတဆင့် ဝဲလ်ကော့က ချေပဂိုး သွင်းယူလိုက်တာပါ။

play

 

ဒုတိယပိုင်း ပြန်စပြီး လေးမိနစ်အကြာမှာ အာဆင်နယ်အသင်း ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ကွင်းလယ်အလွန်မှာ ရလာတဲ့ ဘောလုံးကို ချိန်ဘာလိန်က စတုတ်ဂိုးဧရိယာထဲ မ,တင်ပေးလိုက်တာဖြစ်ပြီး အသင့်ရှိနေတဲ့ အိုဇေးက ခေါင်းတိုက်သွင်းယူသွားတာဖြစ်ပါတယ်။

play

 

မိနစ် ၇၀ မှာ အာဆင်နယ်အသင်းကချိန်ဘာလိန်အစား အီဝိုဘီကို ထည့်သွင်းခဲ့ပြီး ငါးမိနစ်အကြာမှာ အီဝိုဘီကပဲ အသင်းအတွက် အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ပွဲစဉ်မတိုင်ခင်မှာတော့ အာဆင်နယ်က တစ်ပွဲပိုကစားပြီး အမှတ်ပေးဇယား ထိပ်ဆုံးကို ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

တစ်ပြိုင်တည်း ကစားခဲ့တဲ့ပွဲစဉ်တွေမှာ  ဘန်လေနဲ့ ဆွမ်ဆီးတို့ အနိုင်ရခဲ့ပြီး အစောပိုင်းပွဲစဉ်မှာတော့ အဲဗာတန်က ဝက်ဖို့ဒ်ကို ရှုံးနိမ့်သွားပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ