EPL: အမှတ်လျှော့ ပြစ်ဒဏ် ရင်ဆိုင်ရမယ့် အန္တရာယ် ကြုံနေရတဲ့ ချယ်လ်ဆီး

အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရောက်နေပေမဲ့ ချယ်လ်ဆီးဟာ အမှတ်လျှော့ အန္တရာယ် ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

play

 

လပေါင်း ၁၉ လအတွင်းမှာ အားကစားစည်းကမ်းဖောက်ဖျက်ပြီး ပြိုင်ဘက်တွေနဲ့ အကြိမ်ကြိမ် ခိုက်ရန်ဖြစ်ပွားတဲ့ ချယ်လ်ဆီး အသင်းဟာ အမှတ်လျှော့ပြစ်ဒဏ်ကို ရင်ဆိုင်ရမယ့် အန္တရာယ်ရှိနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း အဂူရိုဖျက်ထုတ်ပုံကြမ်းတမ်းရာကစတင်လို့ မန်စီးတီးနဲ့ ချယ်လ်ဆီး ကစားသမားတွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။ ဒီပွဲစဉ်ဖြစ်ရပ်အတွက်လည်း ကစားသမားတွေကို ကောင်းကောင်းမထိန်းသိမ်းနိုင်တဲ့ နှစ်သင်းလုံးကို ဒဏ်ငွေပြစ်ဒဏ်ချခဲ့သလို ကစားသမားတွေကိုလည်း ပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ငွေ အသီးသီး ချခဲ့ပြီးပြီ ဖြစ်ပါတယ်။

play

 

ဒါပေမဲ့ ချယ်လ်ဆီးအသင်းဟာ မန်စီးတီးနဲ့ ခိုက်ရန်ဖြစ်ပွားပြီးနောက် လပေါင်း ၁၉ လအတွင်း ခိုက်ရန်ဖြစ်ပွားမှု ငါးကြိမ်းမြောက်အဖြစ်စံချိန်တင်သွားခဲ့ပါတယ်။ ဖီဖာက ချမှတ်ထားတဲ့ စည်းမျဉ်းအရ အချိန်အနည်းအငယ်အတွင်း အကြိမ်ကြိမ် စည်းကမ်းဖောက်ဖျက်တဲ့ အသင်းကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ အခုမန်စီးတီးနဲ့ ခိုက်ရန်ဖြစ်ပွားမှုအပြီး သိပ်မကြာခင် နောက်တစ်ကြိမ်မှာ ထပ်ပြီး ခိုက်ရန်ဖြစ်ပွားမယ်ဆိုရင်တော့ ချယ်လ်ဆီးဟာ အမှတ်လျှော့ပြစ်ဒဏ်ကို ရင်ဆိုင်ရမှာပါ။

play

 

လွန်ခဲ့တဲ့ ၂၆ က အာဆင်နယ်နဲ့မန်ယူအသင်း အမှတ်လျှော့ ခံရပြီးနောက်ပိုင်းမှာ ချယ်လ်ဆီးဟာ ပထမဆုံးအကြိမ် အမှတ်လျှော့ပြစ်ဒဏ် ရင်ဆိုင်ရမယ့်အသင်းဖြစ်မယ့် အန္တရာယ်နဲ့ နီးကပ်နေပါပြီ။

Source : Mirror

ယခုရာသီ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ဖလား ရမည်ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ