EPL: မန်ယူအတွက် အနိုင်ဂိုးသွင်းခဲ့သည့် မက်ခီတာယန် ဒဏ်ရာရပြီး ထမ်းစင်နှင့်ခေါ်ထုတ်သွားခဲ့ရ

ဒီပွဲအနိုင်ရလို့ မန်ယူအသင်း ဖိအားအနည်းငယ်လျော့ကျခဲ့ရပါတယ်။

play

 

စူပါဆန်းဒေး ပရီးမီးယားပွဲစဉ် ၁၅ မှာ မန်ယူအသင်းက စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီးနောက် အနိုင်သုံးမှတ်ရရှိသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် နိုင်ပွဲပျောက်တာကိုလည်း အဆုံးသတ်နိုင်ခဲ့ပြီး မော်ရင်ဟိုနဲ့ မန်ယူအသင်းသားတွေအပေါ် ရှိနေတဲ့ ဖိအားတွေလည်း အထိုက်အလျာက်လျော့ကျသွားခဲ့ရပါတယ်။ မန်ယူက ဒီနေ့ပွဲစဉ်မှာ ရွန်နေးကို ချန်လှပ်ထားခဲ့ပြီး ပေါ့ဂ်ဘာ၊ မာရှယ်၊ အီဗရာဟီမိုဗစ်ခ်ျ၊ မက်ခီတာယန်တို့နဲ့ ပွဲထွက်ခဲ့တာဖြစ်ပါတယ်။

play

 

စပါးအသင်းဘက်က အယ်လ်ဒါဝီရယ် ပွဲထွက်ပါဝင်ခဲ့ပြီး တိုက်စစ်မှူး ဟယ်ရီကိန်းနဲ့ ဆွမ်ဟောင်မင်တို့ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

မန်ယူအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းပွဲချိန် ၂၉ မိနစ်မှာတင် အသင်းကွင်းလယ်တိုက်စစ်ကစားသမား အမ်ခီတာယန်က သွင်းယူသွားတာဖြစ်ပါတယ်။ စပါးအသင်း လူပေးလိုက်တဲ့ဘောလုံးကို ဟာရဲယားက ဆွဲဖြတ်ယူပြီး မက်ခီတာယန်ရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးလိုက်တာဖြစ်ပါတယ်။ စပါးအသင်း နောက်ခံကစားသမားနှစ်ဦး လိုက်လံဟန့်တားခဲ့ပေမယ့် မက်ခီတာယန်ဟာ ဆွဲပြေးပြီး အပြင်းကန်သွင်းယူလိုက်တာပါ။

play
play

 

နောက်ထပ် ၃၃ မိနစ်မှာ တိုက်စစ်မှူး အီဗရာဟီမိုဗစ်ခ်ျရဲ့ ကန်ချက်ကို စပါးဂိုးသမား  အယ်လိုရစ် ကာကွယ်ခဲ့ရပါသေးတယ်။ ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာ စပါးအသင်းက ဆွမ်ဟောင်မင်ကိုထုတ်ပြီး ဆစ်ဆိုကိုထည့်သွင်းကစားခဲ့ပေမယ့် အသင်းအတွက လိုအပ်တဲ့ ချေပဂိုးကိုတော့ မရခဲ့ပါဘူး။

play

 

ပွဲပြီးခါနီးမှာ မန်ယူအသင်းရဲ့ အနိုင်ဂိုးရှင် မက်ခီတာယန်ကို စပါးကစားသမား ဒန်နီရို့စ်ဖြတ်ထုတ်ရာမှာ အနည်းငယ်ကြမ်းတမ်းသွားခဲ့လို့ အဝါကတ်ပြသခံခဲ့ရပါတယ်။ အမ်ခီတာယန်ပြန်ကစားနိုင်တော့တဲ့အတွက် အဲရစ်ဘိုင်လီနဲ့ လူစားလဲခဲ့ရပြီး မက်ခီတာယန်ကို ထမ်းစင်နဲ့ ခေါ်ထုတ်သွားခဲ့ရပါတယ်။

play

 

တစ်ဖက်က ပွဲစဉ်မှာလည်း ဆောက်သမ်တန်က မစ်ဒယ်ဘရော့အသင်းကို တစ်ဂိုးတည်းနဲ့ ကပ်ပြီးအနိုင်ရရှိသွားခဲ့ပါတယ်။

Source : Mirror

Manchester United vs Tottenham 1-0
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ