EPL: ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် အပြီး လေ့လာစရာ အချက် (၅) ချက်

လက်စတာက မန်စီးတီးကို အနိုင်ရတဲ့ပွဲကတော့ အံ့အားသင့်စရာ အကောင်းဆုံးပွဲစဉ်ဖြစ်ပါတယ်။

Leicester 4-2 Manchester City HD
play

 

တိုက်စစ်မှူးကော်စတာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ချယ်လ်ဆီးအသင်း အနိုင်ရကာ အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်ရှိလာခဲ့ပြီး မန်ယူကလည်း ပရီးမီးယားလိဂ် နိုင်ပွဲပျောက်ဆုံးနေမှုကို မက်ခီတာယန်ရဲ့ သွင်းဂိုးနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

လီဗာပူးအသင်းကတော့ ဒီတစ်ပတ်မှာ ဝက်စ်ဟမ်းကို သရေသာကစားနိုင်ခဲ့ပြီးအမှတ် ဆုံးရှုံးခဲ့ရပါတယ်။ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်-၁၅ အပြီး လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ အခြေအနေဆိုးက ရုန်းထွက်ပြလိုက်တဲ့ လက်စတာ

play

 

အံ့အားသင့်စရာအကောင်းဆုံးပွဲစဉ်က လက်စတာ ၄-၂ မန်စီးတီးပွဲစဉ်ဖြစ်ခဲ့ပါတယ်။ လက်စတာဟာ နောက်ဆုံးငါးပွဲ နိုင်ပွဲပျောက်မှုကို မန်စီးတီးနဲ့ကျမှ အဆုံးသတ်နိုင်ခဲ့တာပါ။ မန်စီးတီးနဲ့ပွဲစဉ်မှာ ဗာဒီနဲ့ မာရက်ဇ်တို့ကို အရင်ခြေစွမ်းမျိုးပြန်မြင်ခဲ့ရပါတယ်။

၂။ ပရီးမီးယားလိဂ်နဲ့ အသားကျသွားသူ မက်ခီတာယန်

play

 

မက်ခီတာယန်ဟာ ပရီးမီးယားလိဂ်နဲ့ အသားမကျသေးတဲ့အပြင် ဖိအားတွေကို ခံနိုင်ရည်ရှိသူမဟုတ်ဘူးလို့ မော်ရင်ဟိုက ပြောပြီး ရာသီအစမှာ ပွဲမထုတ်ဖြစ်ခဲ့ပါဘူး။ အခုတော့ မက်ခီတာယန်ရဲ့ ဂိုးတွေကို ဆက်တိုက်မြင်နေရတဲ့အပြင် သူ့ရဲ့ဂိုးဖန်တီးပေးမှုတွေကိုပါ မြင်နေရပါပြီ။ သူ့ရဲ့ဒဏ်ရာ သိပ်မပြင်းထန်ဖို့သာ မျှော်လင့်ရမှာပါ။

၃။ Plan B အမြဲရှိတဲ့ချယ်လ်ဆီး

play

 

ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲကို အရေးကြီးတဲ့အချိန်မှာ ရအောင်ယူတတ်တယ်ဆိုတာ ဒီပွဲက ထပ်ပြီးသက်သေပြလိုက်ပါတယ်။ ဝက်စ်ဘရွန်းခံစစ်အရမ်းကျစ်လစ်တဲ့အတွက် ချယ်လ်ဆီးမထိုးဖောက်နိုင် ဖြစ်နေတဲ့အချိန်မှာ ဖာဘရီဂတ်စ်ရဲ့ ဖန်တီးပေးမှုနဲ့ ကော်စတာဂိုးရသွားခဲ့ပါတယ်။ ကန်တေနဲ့ မာတစ်တို့ မိနစ် ၇၀ ကျော်မအောင်မြင်ခဲ့တဲ့ အရာကို ဖာဘရီဂတ်စ်က စွမ်းဆောင်ပေးခဲ့တာပါ။

၎။ အံ့အားသင့်စရာဝက်ဖို့ဒ်

play

 

ဝက်ဖို့ဒ်ကလည်း အဲဗာတန်ကို ဂိုးတွေအပြန်လှန်သွင်းပြီး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပိုထူးခြားတာက အဲဗာတန်နဲ့ ပွဲစဉ်မှာ ဝက်ဖို့ဒ်ဘက်က ပွဲထွက်တဲ့ ကစားသမားအားလုံးဟာ နိုင်ငံတူ ကစားသမားမပါဝင်ဘဲ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကစားသမားတွေဖြစ်နေပါတယ်။

၅။ ဘယ်လာရင် ပြန်လာပြီ

play

 

အာဆင်နယ်အသင်းအတွက် အားတက်စရာကတော့ တိုက်စစ်ကိုလိုက်ပါကစားပေးနိုင်တဲ့ ဘယ်လာရင် ပြန်ပါလာနိုင်ခြင်း ဖြစ်ပါတယ်။ အသင်းအတွက် ဒဏ်ရာကြောင့် နောက်ဆုံးကစားတဲ့ ခြောက်ပွဲမပါဝင်ခဲ့ဘဲ ဒီပွဲမှာ လူစားလဲဝင်လာနိုင်ခဲ့ပေမဲ့ ဘယ်လာရင်ဟာ တစ်ဂိုးတော့ ဖန်တီးပေးနိုင်ခဲ့ပါသေးတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ