EPL: ယခုတစ်ပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမား (၁၁) ဦး

play

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ ပြီးဆုံးခဲ့ပြီးနောက် လက်စတာအသင်းက တိုက်စစ်မှူး ဗာဒီ၊ မန်ယူက မက်ခီတာယန်၊ အာဆင်နယ်က အိုဇေးလ်တို့ဟာ ဒီတစ်ပတ် အကောင်းဆုံး ခြေစွမ်းပြနိုင်သူတွေထဲ ပါဝင်ခဲ့ပါတယ်။

လီဗာပူးနဲ့ မန်စီးတီးရလဒ်မကောင်းခဲ့ဘဲ ကျန်ထိပ်သီးအသင်းတွေ နိုင်ပွဲရခဲ့တဲ့ ဒီပွဲစဉ်တွေအပြီး အကောင်းဆုံး ကစားသမား (၁၁) ဦးထွက်လာပြီဖြစ်ပါတယ်။

၁။ အယ်လိုရစ် (စပါး)

play

 

အယ်လိုရစ်ရဲ့ စွမ်းဆောင်ရည်တွေသာ မပါဘူးဆိုရင် စပါးအသင်းဟာ မန်ယူဘက်ကို ဒီထက်ပိုပြီး ဂိုးပြတ်ရှုံးနိမ့်သွားဖို့ ရှိပါတယ်။ မက်ခီတာယန်ရဲ့ ကန်ချက်ကို အယ်လိုရစ်မကာကွယ်နိုင်ခဲ့ပေမဲ့ အခြားတိုက်စစ်ဆင်မှုတွေကတစ်ဆင့် အပိုင်ကန်ချက်တွေကိုတော့ စပါးဂိုးသမား အယ်လိုရစ်က ကာကွယ်နိုင်ခဲ့ပြီး အသင်းမှာ အရေးပါဆဲ ကစားသမားဆိုတာ သက်သေပြခဲ့ပါတယ်။

၂။ ဘယ်လာရင် (အာဆင်နယ်)

ဘယ်လာရင်ဟာ ပွဲထွက်စာရင်းမှာ မပါခဲ့ဘဲ ၂၅ မိနစ်ရောက်မှသာ လူစားလဲပါဝင်ခဲ့တာပါ။ လူစားလဲဝင်လာပြီးနောက် ပထမပိုင်း မပြီးခင်မှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့သူဖြစ်ပါတယ်။

၃။ ကာဟေးလ် (ချယ်လ်ဆီး)

ချယ်လ်ဆီးအသင်းရဲ့ နောက်တန်းသုံးဦး ကစားကွက်မှာ ကာဟေးလ်ဟာ ဒေးဗစ်လုဇ်ထက် အရည်အသွေးမနိမ့်တဲ့ ကစားသမားဖြစ်ပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်း အသင်းအတွက် ဂိုမပေးရအောင်စွမ်းဆောင် နိုင်ခဲ့ပြန်ပါတယ်။

၎။ ဖီးလ်ဂျုံးစ် (မန်ယူ)

play

 

စပါးအသင်းနဲ့ပွဲစဉ်မှာ စပါးရဲ့ တိုက်စစ်ကို အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တာ ဖီးလ်ဂျုံးစ်ဖြစ်ပါတယ်။ စပါးတိုက်စစ်မှူးတွေ အချင်းချင်း ဆက်သွယ်မှုကို ဖီးလ်ဂျုံးစ်က ဖြတ်တောက်ပစ်နိုင်ခဲ့ပါတယ်။

၅။ ဟင်းဒရစ် (ဘန်လေ)

ဘန်လေက ဘုန်းမောက်ကို ၃-၂ နဲ့ နိုင်တဲ့ပွဲမှာ ဟင်းဒရစ်ရဲ့ ဂိုးကလည်း အသင်းရဲ့နိုင်ပွဲအတွက် အရေးပါခဲ့တာပါ။ အတော်လှမ်းလှမ်းကနေ မြေမကျဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ။

၆။ အန်ဒီကင်း (လက်စတာ)

ပွဲစပြီး ၅ မိနစ်မှာတင် အန်ဒီကင်းက လက်စတာအတွက် ဒုတိယဂိုးကို မန်စီးတီးဘက် သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၂၀ အတွင်း လက်စတာ သုံးဂိုးရခဲ့တာဟာ အန်ဒီကင်းရဲ့ စွမ်းဆောင်ရည်ကြောင့်လည်း ဖြစ်ခဲ့ပါတယ်။

၇။ အိုဇေးလ် (အာဆင်နယ်)

play

 

အိုဇေးလ်က စာချုပ်သစ် ချုပ်ဖို့နီးလာလေလေ ခြေစွမ်းပြနိုင်လေလေ ဖြစ်နေပါတယ်။ အိုဇေးလ်ဟာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို ခေါင်းတိုက်ပြီးလှလှပပ သွင်းနိုင်ခဲ့သူဖြစ်ပါတယ်။

၈။ မက်ခီတာယန် (မန်ယူ)

play

 

အနိုင်ဂိုးရှင် ဖြစ်သလို နောက်ပိုင်းပွဲမှာ မန်ယူအသင်း ရလဒ်ကောင်းဖို့ အဓိကစွမ်းဆောင်နေသူလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲက တစ်ကိုယ်တော်ခြေစွမ်းနဲ့ ဂိုးသွင်းနိုင်ခဲ့သလို အခုလည်း အရေးပါတဲ့ အနိုင်ဂိုးကို ရခဲ့တဲ့ အခွင့်အရေး တစ်ကြိမ်ကနေ သွင်းယူနိုင်ခဲ့ပါတယ်။

၉။ အိုကာကာ (ဝက်ဖို့ဒ်)

ဝက်ဖို့ဒ်အသင်းအတွက် အိုကာကာက ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ဂိုးနှစ်ဂိုးကြောင့် အဲဗာတန်အသင်းကို ဝက်ဖို့ဒ်က နိုင်ပွဲရခဲ့တာပါ။

၁၀။ ဗာဒီ (လက်စတာ)

play

 

ဒီတစ်ပတ် အကောင်းဆုံး ပရီးမီးယားလိဂ် ကစားသမားစာရင်းမှာ ဗာဒီက ထိပ်ဆုံးက ပါဝင်နေသူဖြစ်ပါတယ်။ မန်စီးတီးအသင်းကို ဟက်ထရစ်သွင်းနိုင်ခဲ့လို့ အကောင်းဆုံးစာရင်းထဲမှာ ခြွင်းချက်မရှိ ထည့်သွင်းထားရတာပါ။

၁၁။ ကော်စတာ (ချယ်လ်ဆီး)

play

 

ချယ်လ်ဆီးအသင်းအတွက် ဝက်စ်ဘရွန်းနဲ့ပွဲစဉ်မှာ အနိုင်ဂိုးရှင် ဖြစ်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်နေသူပါ။

ှSource : Mirror

သင်အတွက် ယခုတစ်ပတ် အကောင်းဆုံး ဘောလုံးသမားကရော ဘယ်သူဖြစ်မလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ