EPL: ဗလန်စီယာကို မန်ယူအသင်းပေးသည့် ဆုတံဆိပ်က မြန်မာငွေ နှစ်သောင်းခွဲသာတန်ဖွယ်ရှိ

, updated

အွန်လိုင်းဝက်ဘ်ဆိုက်တွေမှာ ဈေးပေါပေါနဲ့ ဝယ်လို့ရတဲ့ ဆုတံဆိပ်မျိုးဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြထားပါတယ်။

play

 

နိုဝင်ဘာလအတွက် မန်ယူအသင်း တစ်လတာ အကောင်းဆုံး ကစားသမားဆုကို အသင်းကစားသမား ဗလန်စီယာက ရရှိသွားခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ဗလန်စီယာကို မန်ယူအသင်း ချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမား ဆုတံဆိပ်ရဲ့ တန်ဖိုးဟာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင် နည်းပါးနေကြောင်း သိရပါတယ်။ မန်ယူအသင်းက အသင်းကစားသမား ဗလန်စီယာကို ချီးမြှင့်တဲ့ ဆုတံဆိပ်ဟာ အွန်လိုင်းကတစ်ဆင့် ဝယ်ယူမယ်ဆိုရင် စတာလင်ပေါင် ၁၄.၉၉ ပေါင်(မြန်မာငွေ ၂၅၀၀၀ ကျပ်ခန့်)သာ ကျသင့်မှာဖြစ်ပါတယ်။

play
ဗလန်စီယာကို ပေးအပ်သည့် ဆုတံဆိပ်မျိုး ဝယ်ယူရရှိနိုင်သည့် ဝက်ဘ်ဆိုက်

 

ဗလန်စီယာဟာ အသင်းရဲ့ တစ်လတာ အကောင်းဆုံးဆုကို ရဖို့အတွက် အီဗရာဟီမိုဗစ်ခ်ျနဲ့ မိုက်ကယ်ကာရစ်တို့ကို အဓိက ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။ ပရိသတ်တွေ မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး စုစုပေါင်း မဲပေးမှု ၃၉ ရာခိုင်နှုန်းနဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

ဗလန်စီယာ ရရှိခဲ့တဲ့ ဆုတံဆိပ်မျိုးဟာ အွန်လိုင်ဈေးဝယ်ဝက်ဘ်ဆိုက်တွေမှာ ပုံစံလေးမျိုးနဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဆုတံဆိပ်မျိုးဖြစ်ပါတယ်။ အသေးဆုံး ဆုတံဆိပ်က စတာလင်ပေါင် ၁၂.၉၉ ကျသင့်မှာဖြစ်ပြီး ဗလန်စီယာ ရရှိခဲ့တဲ့ ဆုတံဆိပ်က စတာလင်ပေါင် ၁၄.၉၉ တန်ဖိုးရှိတာဖြစ်ပါတယ်။

play

 

ဗလန်စီယာဟာ ဒဏ်ရာကပြန်သက်သာလာပြီးနောက် နိုဝင်ဘာလအတွင်းမှာ အသင်းအတွက် ဂိုးဖန်တီးပေးမှု လေးကြိမ် ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

Source : Daily Mail

ဆုတံဆိပ်ချီးမြှင့်ရာတွင် တန်ဖိုးက အရေးကြီးသည်ဟု သင်ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ