EPL: ချစ်သူကို စိန်လက်စွပ်နဲ့ လက်ထပ်ခွင့် တောင်းလိုက်တဲ့ မန်ယူနောက်ခံလူ

မန်ယူနောက်ခံလူ လက်ထပ်ခွင့်တောင်းတာကို ချစ်သူကောင်မလေးကလည်း ခေါင်းငြိမ့်လက်ခံခဲ့ပါတယ်။

play

 

မန်ယူအသင်း နောက်တန်းကစားသမားဖြစ်သူ ဒါမီယန်ဟာ သူ့ရဲ့ချစ်သူ ဖရန်ဆက်စ်ကာကော်မန်နီကို စိန်လက်စွပ်နဲ့လက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

ဒါမီယန်နဲ့ သူမ နှစ်ဦးသား နမ်းနေကြပြီး လက်သူကြွယ်မှာ လက်ထပ်လက်စွပ်ဝတ်ထားတဲ့ ဓာတ်ပုံကို ကော်မန်နီက သူမရဲ့ အင်စတာဂရမ် အကောင့်မှာ ပြန်လည်ဝေမျှခဲ့ပါတယ်။ လက်ထပ်ခွင့်ကို လက်ခံကြောင်း ကော်မန်နီက သူမရဲ့ လက်ဝါးမှာ " I Said Yes" ဆိုတဲ့ စာကို ရေးသားထားခဲ့တာလည်း တွေ့ရပါတယ်။

 

ဒါမီယန်ဟာ မန်ယူအသင်း ကစားခဲ့တဲ့နောက်ဆုံးခြောက်ပွဲလုံးမှာ ပါဝင်ခွင့်ရရှိထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက မန်ယူအသင်း အက်ဖ်အေဖလား ချန်ပီယံဖြစ်ပြီးနောက်ပိုင်းမှာ အက်ဖ်အေဖလားကိုင်ကာ သူမတို့ ချစ်သူနှစ်ဦး တွဲရိုက်ထားတဲ့ ဓာတ်ပုံကို ကော်မန်နီက အင်စတာဂရမ်မှာ တင်ထားခဲ့ပါသေးတယ်။

play

 

ချစ်သူကို စိန်လက်စွပ်နဲ့ လက်ထပ်ခွင့် မတောင်းခင်မှာ နောက်ခံကစားသမား ဒါမီယန်က မန်ယူအသင်းရဲ့ ဒီဇင်ဘာ  ပွဲကျပ်ကာလနဲ့ ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါသေးတယ်။ " ကျွန်တော်တို့ အချိန်တိုအတွင်း ပွဲတွေ အများကြီး ကစားရပါမယ်။ နှစ်ရက်ကို တစ်ပွဲနှုန်းလောက်နဲ့ ကစားရမှာဖြစ်ပြီး အမှတ်တွေရနိုင်သမျှ များများ လိုချင်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကတော့ ကျွန်တော်တို့ဟာ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့တယ်။ ဒါပေမဲ့ အခုအရေးကြီးတာက ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရဖို့ပါ" လို့ သူက ပြောထားပါတယ်။

play

 

ပရီးမီးယားလိဂ်အသင်းတွေရဲ့ ဒီဇင်ဘာ ပွဲကျပ်ကာလတွေ စတင်ပြီဖြစ်ပြီး အခုကြာသပတေးနေ့မှာ မန်ယူအသင်းက ခရစ္စတယ်ပဲလေ့စ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : The Sun

Matteo Darmian
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ