EPL: အဲဗာတန် ၂-၁ အာဆင်နယ်ပွဲအပြီး လေ့လာစရာ အချက် (၅) ချက်

ဒီပွဲရှုံးလို့ အာဆင်နယ် ဆယ်နှစ်ကြာ တင်ထားခဲ့တဲ့ စံချိန်လည်း ကျိုးပျက်သွားခဲ့ပါတယ်။

Everton vs Arsenal 2-1
play

 

ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ဒီဇင်ဘာ ပွဲကြပ်ကာလကို ရောက်လာခဲ့ပြီးတဲ့နောက် ယမန်နေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်ဟာ အဲဗာတန်အသင်းကို ရှုံးနိမ့်သွားပါတယ်။

ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာပွဲကြပ်ကာလအစမှာပဲ အာဆင်နယ်အသင်းဟာ ခြေချော်သွားခဲ့ပါတယ်။ အာဆင်နယ်ဟာ ဦးဆောင်ဂိုးသွင်းခဲ့ပေမဲ့ အဲဗာတန်ရဲ့ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုပေးလိုက်ပါတယ်။

၁။ ဝဲလ်ကော့အမှား

play

 

အမှတ်ပေးဇယားထိပ်ဆုံးက ချယ်လ်ဆီးအသင်းက ဒီနေ့ဆန်းဒါးလန်းနဲ့ ကန်ရမယ့်အချိန်မှာ အာဆင်နယ်ကတော့ အမှတ်ဆုံးရှုံးသွားပြီဖြစ်ပါတယ်။ ဂိုးကွာဟချက်မှာ ချယ်လ်ဆီးက သာနေတဲ့အပြင် အာဆင်နယ်က အခု သုံးမှတ်လျော့သွားပြီ ဖြစ်လို့ အမှတ်ပေးချန်ပီယံဆုအတွက် အာဆင်နယ်ဆက်ပြီး စိန်ခေါ်နိုင်ပါ့မလားလို့ သံသယဝင်စရာ အခိုက်အတန့် ဖြစ်လာပါပြီ။ အထူးသဖြင့်ဝဲလ်ကော့အမှားကြောင့် မပေးသင့်တဲ့ ဖြတ်တင်ဘော ပေးခဲ့ရပြီး ပြိုင်ဘက်က လွတ်လွတ်လပ်လပ် ခေါင်းတိုက်ခွင့် ရခဲ့တာကလည်း အာဆင်နယ်ရဲ့အမှားတွေကို ထောက်ပြနေတဲ့ အရာတစ်ခုပါ။

၂။ ပွဲကြီးတွေမှာ ရုန်းကန်နေရဆဲ လူကာကူ

play

 

အဲဗာတန်တိုက်စစ်မှူး လူကာကူဟာ အဲဗာတန်ကို ရောက်နေတာ လေးရာသီ ရှိသွားပြီဖြစ်ပါတယ်။ နောက်က လိုက်သွင်းတဲ့ ဂိုးတွေနဲ့  အဲဗာတန်အသင်း အနိုင်ရရှိခဲ့ပေမဲ့ လူကာကူကတော့ ဂိုးရဖို့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လူကာကူကို အခြားအသင်းကြီးတွေ ခေါ်ဖို့ စိတ်ဝင်စားနေကြပေမဲ့ ဒီလိုပွဲကြီးတွေမှာဆိုရင် သူဟာ ခြေစွမ်းပြဖို့ အမြဲရုန်းကန်နေရတာကြောင့် အသင်းတွေက ဆက်ပြီးစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။

၃။ ချိန်ဘာလိန် ပြန်လာပြီ

play

 

အာဆင်နယ်အသင်းကစားသမား ချိန်ဘာလိန်ကို စာချုပ်သစ်ကမ်းလှမ်းဖို့ နည်းပြအာစင်ဝင်းဂါးက လေလံပစ်ထားပါတယ်။ အခုတော့ ကာလကြာရှည်အနားယူနေရတဲ့ ချိန်ဘာလိန်ဟာ ပွဲထွက်ပြန်လည်ပါဝင်လာခဲ့ပါပြီ။ အာဆင်နယ်အတွက် မြန်နှုန်းမြင့် ပြေးအားရှိတဲ့ ကစားသမားတစ်ဦး ပြန်ရလိုက်တာပါပဲ။

၎။ လူထပ်ဝယ်ရမယ့် ကိုးလ်မန်း

play

 

ဇန်နဝါရီမှာ အဲဗာတန်အသင်းကို လူအင်အား ဖြည့်တင်းဖို့ အဲဗာတန်အသင်း မဖြစ်မနေ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း အန်နာဗလန်စီယာတို့လို လူသစ်တွေကို ထည့်ကစားခဲ့ရပါတယ်။ မန်ယူအသင်းက ဒီပေးကို နည်းပြကိုးလ်မန်း စောင့်ကြည့်လျက် ရှိပါတယ်။

၅။ စံချိန်ကျိုးသွားတဲ့ အာဆင်နယ်

play

 

အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဝေးကွင်းပွဲစဉ်ရှုံးပွဲမရှိတာ အတော်ကြာပြီဖြစ်ပါတယ်။ အခုတော့ ပထမဆုံးအဝေးကွင်းပွဲစဉ် ရှုံးပွဲတွေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်အသင်း အင်္ဂါနေ့ ကစားတဲ့ပွဲစဉ်ဆိုရင် မရှုံးတာ ၂၀၀၆ခုနှစ်ကတည်းက ဖြစ်ပါတယ်။ အခုတော့ ဆယ်နှစ်အတွင်း အင်္ဂါနေ့ ကစားတဲ့ပရီးမီးယားလိဂ်ပွဲမှာ ရှုံးပွဲတွေ့သွားခဲ့ပါပြီ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ