EPL: ပီတာဆက်ခ်ျကြောင့် ပွဲပြီးခါနီး အဲဗာတန်အသင်းဘက်မှာ ဂိုးသမား နှစ်ယောက်ဖြစ်သွားခဲ့

ပီတာဆက်ခ်ျရဲ့အဲဒီဖြစ်ရပ်ကို ပရိသတ်တွေက ရယ်စရာအဖြစ် နောက်ပြောင်နေကြပါတယ်။

play

 

အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး နောက်ဆုံးမိနစ်ရောက်တဲ့အခါ အာဆင်နယ်အသင်း ဂိုးသမားပီတာဆက်ခ်ျ တိုက်စစ်ကို လိုက်ပါကစားပုံဟာ ပရိသတ်တွေအတွက် ရယ်စရာ ဖြစ်နေခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ အဲဗာတန်ကိုရှုံးနိမ့်ပြီးနောက် ဒီရာသီ နှစ်ပွဲမြောက် ရှုံးပွဲတွေ့သွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဆန်းချက်ဇ်ရဲ့ သွင်းဂိုးနဲ့ အဲဗာတန်ကို ဦးဆောင်နိုင်ခဲ့ပေမဲ့ အဲဗာတန်ဘက်က ကိုးလ်မန်းနဲ့ ဝီလျံတို့ရဲ့ ဂိုးတွေကြောင့် နိုင်ပွဲပြန်ရခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးခါနီး နောက်ဆုံးမိနစ်အရောက်မှာ အာဆင်နယ်အသင်းအတွက် နောက်ဆုံး အခွင့်အရေးဖြစ်တဲ့ အလွတ်တည်ကန်ဘော ရတဲ့အခါ ဂိုးသမား ပီတာဆက်ခ်ျက ရှေ့တက်ကစားခဲ့တာဖြစ်ပါတယ်။

play

 

ပြစ်ဒဏ်ဘောကန်ချက်ကို ပီတာဆက်ခ်ျက အခြားကစားသမားတွေနဲ့အတူ ခေါင်းတိုက်ပြီး အဲဗာတန်ဘက်ကို ဂိုးသွင်းဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ပီတာဆက်ခ်ျဟာ ဘောလုံးကိုမထိဘဲ သူကိုယ်တိုင်သာ အဲဗာတန်ဂိုးထဲ ရောက်သွားခဲ့ပါတယ်။

 

ပီတာဆက်ခ်ျပြန်လာတဲ့ အခိုက်အတန့်ကို မှတ်တမ်းတင်လိုက်တဲ့အချိန် အဲဗာတန်ဂိုးပေါက်မှာ  ဂိုးသမားနှစ်ယောက် ကာကွယ်နေသလို ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေအတွက် ရယ်စရာဖြစ်ခဲ့ပြီး လူမှုကွန်ရက်မှာ နောက်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။

Everton vs Arsenal 2 - 1
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ