EPL: ဘောလုံးပွဲအပြီး ကော်စတာဘီယာသောက်ရခြင်း အကြောင်းအရင်း

ကော်စတာဟာ ဘောလုံးပွဲပြီးတဲ့အခါ ဘီယာနဲ့ အမောဖြေတာ ဖြစ်ပါတယ်။

Diego Costa Goal
play

 

ပရီးမီးယားလိဂ်ပွဲစဉ်ကစားအပြီးမှာ ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ ဘီယာသောက်ခဲ့ခြင်းအပေါ် နည်းပြကွန်တီက တားမြစ်ခြင်းမပြုလုပ်ဘဲ ဘာကြောင့် သောက်ရတယ်ဆိုတာကိုလည်း ရှင်းပြလိုက်ပါတယ်။

တိုက်စစ်မှူး ကော်စတာဟာ ပြီးခဲ့တဲ့တစ်ပတ်က ဝက်စ်ဘရွန်းနဲ့ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့သူ ဖြစ်ပါတယ်။ ပွဲအပြီးမှာကော်စတာဟာ ဘီယာသောက်နေတဲ့ ပုံကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့တာဖြစ်ပါတယ်။ ကော်စတာဘီယာသောက်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက နည်းပြကွန်တီရဲ့ သဘောထားကိုမေးမြန်းတဲ့အခါ ကွန်တီက ကော်စတာရဲ့လုပ်ရပ်ကို ထောက်ခံခဲ့တာဖြစ်ပါတယ်။

play

 

" ဘီယာက ရေဓာတ်ပြန်ဖြည့်နိုင်တယ်လေ။ ခင်ဗျားရေဓာတ်လိုချင်ရင် ကိုလာ ဒါမှမဟုတ် ဘီယာတစ်ဘူးလောက် သောက်နိုင်ပါတယ်။ ဒါပေမဲ့ အများကြီးတော့ သောက်လို့မရဘူးပေါ့။ ပွဲကစားပြီး တစ်နာရီကျော်လောက်မှ သောက်ရင်လည်း မကောင်းဘူး။ ချက်ခြင်း သောက်သင့်တာပေါ့" လို့ ကွန်တီက ဆိုပါတယ်။

 

နည်းပြကွန်တီဟာ ချယ်လ်ဆီးအသင်း ကစားသမားတွေ ကိုယ်အလေးချိန်တက်မလာအောင် မစားသင့်တဲ့အစားသောက် ပုံစံတွေ တားမြစ်ထားပေမဲ့ ဘီယာနဲ့ အရက်ကိုတော့ မသောက်ရလို့ စည်းကမ်းမထုတ်ထားပါဘူး။ ဒီလိုကိစ္စမျိုးနဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးကို နည်းပြ သို့မဟုတ် မန်နေဂျာက ဒါမလုပ်နဲ့၊ ဒါလုပ်ပါဆိုပြီး မပြောသင့်ကြောင်းလည်း ကွန်တီက ပြောပါတယ်။

Source : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ