EPL: ချယ်လ်ဆီးအသင်း ကစားသမား အော်စကာ တရုတ်သို့ ပြောင်းရွှေ့မည်

တရုတ်စူပါလိဂ်ကလပ်ကို လာမယ့် ဇန်နဝါရီမှာ ပြောင်းရွှေ့ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

Oscar - Best Fights & Angry Moments
play

 

ချယ်လ်ဆီးအသင်း ကစားသမား အော်စကာဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို စွန့်ခွာပြီး တရုတ်စူပါလိဂ် အသင်းတစ်သင်းမှာ ကစားတော့မယ်လို့ သိရပါတယ်။ အသင်းကစားသမား အော်စကာဟာ စပါးနည်းပြဟောင်း ဗီလက်စ်ဘိုအက်စ်ကိုင်တွယ်နေတဲ့  စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းထံကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

play

 

အသင်းကွင်းလယ်ကစားသမား အော်စကာအတွက် တရုတ်စူပါလိဂ်ကလပ်အသင်းဘက်က ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်း ပေးဖို့ သဘောတူညီမှုရရှိထားပြီး လာမယ့် ဇန်နဝါရီလမှာ အသင်းပြောင်းတော့မှာ လို့ ဆိုပါတယ်။ အသင်းတွေဘက်က တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပေမဲ့ ကာယကံရှင် ကစားသမား ကိုယ်တိုင်ကတော့သူ့ရဲ့အသင်းဖော်တွေကို ပြောထားပြီးဖြစ်ကြောင်း သိရပါတယ်။

play

 

ဘရာဇီးကစားသမား အော်စကာဟာ လက်ရှိရာသီ နည်းပြသစ် ကွန်တီရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ် ၁၁ ပွဲဝင်ကစားထားပေမဲ့ ပွဲထွက်ခွင့်ရတာမဟုတ်ဘဲ လူစားဝင်ကစားသမားအဖြစ်နဲ့သာ ကစားနေရတာပါ။ လက်ရှိအချိန်မှာ ဘရာဇီးတိုက်စစ်မှူး ဟော့လ်ခ်က ရှန်ဟိုင်း SPIG အသင်းရဲ့ စံချန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ ကစားသမားဖြစ်ပြီး စုစုပေါင်း ပေါင် ၄၇ သန်းကုန်ကျထားပါတယ်။ အခု အော်စကာကို ၅၂ သန်းနဲ့ ခေါ်ယူဖြစ်မယ်ဆိုရင် တရုတ်စူပါလိဂ်မှာ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမားဖြစ်လာမှာပါ။

ချယ်လ်ဆီးအသင်းကနေ တရုတ်စူပါလိဂ်ကလပ်တွေကို ပြောင်းရွှေ့ရောက်ရှိသွားတဲ့ ကစားသမား လေးဦးရှိထားဖူးပြီး ဒရော့ဘာ၊ ရာမီးယက်စ်၊ အနယ်လ်ကာနဲ့ ဒမ်ဘာဘာတို့ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ