EPL: မန်ယူနှင့် အာဆင်နယ်က အသင်းရလဒ်ထက် ငွေရဖို့ ပိုအာရုံစိုက်နေဟု ဝေဖန်ခံရ

အာဆင်နယ်အသင်းက အမှတ်ပေးချန်ပီယံဆုကို နောက်ဆုံးရထားတာ ၂၀၀၄ ခုနှစ်ကဖြစ်ပြီး မန်ယူကတော့ ၂၀၁၃ ခုနှစ်က ဖြစ်ပါတယ်။

play

 

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းနှစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ဟာ အောင်မြင်မှုထက် ငွေနောက်ပိုလိုက်နေတဲ့ အသင်းတွေဖြစ်ကြောင်း နည်းပြအန်ဆလော့တီက ဝေဖန်လိုက်ပါတယ်။

လက်ရှိမှာ ဘိုင်ယန်မြူနစ်အသင်းနည်းပြအဖြစ် တာဝန်ယူနေတဲ့ အန်ဆလော့တီဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဖလား ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် အထုတ်ခံခဲ့ရတဲ့ နည်းပြလည်း ဖြစ်ပါတယ်။ အန်ဆလော့တီရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဖေဖော်ဝါရီလမှာ ကစားရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၇ နှစ်ဆက်တိုက် အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို နှစ်စဉ်တက်လှမ်းနိုင်ခဲ့ပေမယ့်  ချန်ပီယံလိဂ်ဆုဖလားကိုတော့ တစ်ကြိမ်မှ မရခဲ့ဖူးပါဘူး။

play

 

မန်ယူအသင်းမှာ ဖာဂူဆန်လို နှစ်ရှည်လများအသင်းကိုကိုင်တွယ်ကာ အောင်မြင်မှုအဓိကရအောင် ယူပေးနိုင်ခဲ့တဲ့ ဖာဂူဆန်လို နည်းပြမျိုး ရှိခဲ့သလို အာဆင်နယ်မှာလည်း အာစင်ဝင်းဂါးရှိနေတယ်လို့ အန်ဆလော့တီက ပြောပါတယ်။ ဒါပေမယ့် အခုလက်ရှိ အဆိုပါအသင်းပိုင်ရှင်တွေဟာ အသင်းမှာအောင်မြင်မှုဆုဖလားရဖို့ ဘယ်လိုနည်းပြ ခန့်အပ်ထားတယ်ဆိုတာထက် အမြတ်အစွန်းဘယ်လောက်ရမလဲဆိုတာကိုသာ ဦးစားပေးနေတယ်လို့ အန်ဆလော့တီက ဝေဖန်ပါတယ်။

play

 

လက်ရှိမှာ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုနဲ့ အာဆင်နယ်အသင်းအဓိက ရှယ်ယာရှင် ခရိုအန်ကီးတို့ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်နေပါတယ်။ " သူတို့အသင်းပိုင်ရှင်တွေက အမေရိကန်ကလေ။ အသင်းမှာ ဘယ်နည်းပြခန့်ပြီး ဘယ်လိုရလဒ်ထွက်တယ်ဆိုတာထက် အကျိုးအမြတ်က သူတို့စိတ်ဝင်စားဆုံး အရာပဲ" လို့ အန်ဆလော့တီက ဆိုပါတယ်။

Source : Mirror

အာဆင်နယ်အသင်း ယခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဗိုလ်လုပွဲ ရောက်မည်ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ