AD
AD
AD
play

 

မန်ယူအသင်းမှာ ပုံမှန်ခြေစွမ်းမပြနိုင်တာ ကြာပြီဖြစ်နေတဲ့ အသင်းခေါင်းဆောင်ရွန်နေးကို အီတလီကလပ်အသင်း နာပိုလီပြောင်းရွှေ့ဖို့ ကလပ်အသင်းဘက်က စီစဉ်နေကြောင်း သိရပါတယ်။

အီတလီအခြေစိုက် ဘောလုံးသမားအေးဂျင့်တစ်ဦးဖြစ်သူ မိုရာဘီတိုရဲ့ အဆိုအရ မန်ယူအသင်းခေါင်းဆောင် ဝိန်းရွန်နေးဟာ အသင်းနည်းပြဖြစ်သူ မော်ရင်ဟိုနဲ့လည်း အဆင်မပြေဖြစ်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပေမယ့် ရွန်နေးဟာ အသင်းဂန္တဝင်ကစားသမား ဘော်ဘီချာတန်ရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မီဖို့ တစ်ဂိုးသာ လိုတော့တဲ့ ကစားသမားဖြစ်လည်းဖြစ်ပါတယ်။

play

 

စီးရီးအေကလပ်အသင်းတွေနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအကြား ကစားသမားအပြောင်းရွှေ့ လုပ်ပေးရာမှာ နာမည်ကျော်တဲ့ အေးဂျင့်ဖြစ်သူ မိုရာဘီတိုရဲ့ အဆိုအရ ရွန်နေးဟာ အခြားအင်္ဂလန်ကလပ်အသင်းတွေကို ပြောင်းရွှေ့ခွင့် ရမှာမဟုတ်တာကြောင့် နာပိုလီအသင်းကို ပြောင်းရွှေ့ဖို့ အသင်းကတိုက်တွန်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

" ရွန်နေးကို နာပိုလီပြောင်းဖို့ ကမ်းလှမ်းထားတာ ကျွန်တော်သိပါတယ်။ သူက တခြားအင်္ဂလန်အသင်းကို ပြောင်းလို့ မရဘူးလေ။ ဒါကြောင့် စပိန်သို့မဟုတ် အီတလီကိုပြောင်းဖို့ ဖြစ်လာမှာပါ" လို့ အဆိုပါ အေးဂျင့်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD