EPL: စူပါဆန်းဒေး မန်စီးတီး - အာဆင်နယ် ပွဲစဉ် မကြည့်ခင် သိထားသင့်တဲ့ အချက် (၃) ချက်

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်ပါ။

Manchester City vs Arsenal 2-2 (Sunday, May 8,2016)

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ပွဲစဉ်တစ်ပွဲကို ဒီနေ့ စူပါးဆန်းဒေးပွဲစဉ်အဖြစ် ပရိသတ်တွေ ကြည့်ကြရမှာဖြစ်ပါတယ်။

ဒီနှစ်အမှတ်ပေးချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးလေးသင်းထဲက နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းပွဲစဉ်ဖြစ်ပါတယ်။ ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၃) ချက်ရှိပါတယ်။

၁။ အဓိက ကစားသမားများ

play

 

မန်စီးတီးအသင်းက တိုက်စစ်မှာ အဂူရိုပါမှာ မဟုတ်တဲ့အတွက် အီဟာနာချိုကို အထောင်တိုက်စစ်ကစားသမားအဖြစ်ထားပြီး ဒီဘရိုင်း၊ နိုလီတို၊ စတာလင်တို့အပြင် ယာယာတိုယေးရဲ့ တစ်ကိုယ်တော်ထိုးဖောက်ချက်တွေနဲ့ပါ ဂိုးရဖို့ ကြိုးစားမယ်မျှော်လင့်ရပါတယ်။

ဝက်ဖို့ဒ်ကို မန်စီးတီးအနိုင်ရခဲ့တဲ့ပွဲတုန်းကလို ခြေစွမ်းမျိုး စတာလင်ပြန်ရခဲ့မယ်ဆိုရင်တော့ အာဆင်နယ်ဟာ မန်စီးတီးရဲ့ တန်ပြန်တိုက်စစ်တွေကို အထူးသတိထားရပါလိမ့်မယ်။

မန်စီးတီးက ၄-၂-၃-၁ နဲ့ပွဲထွက်လာပြီဆိုရင် ယာယာတိုယေးဟာ ကွင်းလယ်မှာ ဖာနန်ဒိုကို ထားခဲ့ပြီး တိုက်စစ်ကိုလိုက်ပါကစားပါလိမ့်မယ်။ အာဆင်နယ်ဘက်ကတော့ အထူးရွေးစရာမရှိဘဲ တိုက်စစ်မှာ ဆန်းချက်ဇ်နဲ့ ချိန်ဘာလိန်၊ ဝါးလ်ကော့တို့ရဲ့ တိုးအားနဲ့ ဂိုးရအောင်ယူဖို့ ပြင်ဆင်မယ်ယူဆရပါတယ်။

၂။ ပွဲထွက်အခင်းအကျင်း

play

 

တိုက်စစ်မှာ အဂူရိုမပါတဲ့အတွက် မန်စီးတီးဟာ ကွင်းလယ်တိုက်စစ်ကို အရင်ထက်ပိုပြီး အားစိုက်ရဖွယ်ရှိပါတယ်။ လက်စတာနဲ့ပွဲစဉ်တုန်းက အလုပ်မဖြစ်တဲ့ နောက်တန်းသုံးယောက် ကစားကွက်အစား ၄-၂-၃-၁ ဒါမှမဟုတ် ၄-၁-၂-၃ ကစားကွက်ကို အသုံးပြုဖွယ်ရှိပါတယ်။ ခံစစ်ကစားတဲ့အချိန်မှာတော့ မန်စီးတီးဟာ ၄-၃-၃ ဖြစ်သွားဖို့ ပြင်ဆင်လာဖွယ်ရှိပါတယ်။

အာဆင်နယ်ကတော့ ၄-၃-၂-၁ ကစားကွက် သို့မဟုတ် ၄-၂-၃-၁ ကစားကွက်ကို အခြေခံပြီး တန်ပြန်တိုက်စစ်ကိုပါ အားပြုဖွယ်ရှိပါတယ်။ မန်စီးတီးကွင်းလယ်က ပိုအသာရနိုင်တာကြောင့် အာဆင်နယ် တိုက်စစ်နှေးကွေးသွားနိုင်ပါတယ်။

၃။ တိုက်စစ်အားပြိုင်မှု

play

 

နှစ်သင်းလုံးရဲ့ တိုက်စစ်စွမ်းဆောင်ရည်ဟာ မေးခွန်းထုတ်စရာမလိုအောင် သေချာလှပါတယ်။ အပြန်အလှန်ဂိုးသွင်းကြဖွယ် ရှိပါတယ်။ မန်စီးတီးအတွက် အားနည်းချက်ကတော့ နောက်ပိုင်းရလဒ်တွေ သိပ်မကောင်းလို့ စိတ်ဓာတ်တက်ကြွမှု နည်းပါးနေနိုင်တာ ဖြစ်ပါတယ်။

play

 

ဂွါဒီယိုလာဟာ အာစင်ဝင်းဂါးရဲ့ ကစားကွက်ကို ရင်းနှီးပြီးသား ဖြစ်ပါတယ်။ အာဆင်နယ်ကို အထိုင်မကျဖြစ်အောင်၊ ကစားကွက် တည်မရ ဖြစ်အောင် မန်စီးတီး အရင်ကြိုးပမ်းမှာပါ။ နှစ်သင်းလုံးရဲ့ နောက်တန်းဟာ အားနည်းချက် ရှိနေပါတယ်။ ဂိုးအရင်ရတဲ့အသင်း ရလဒ်ကောင်းမယ်လို့ ယူဆရပါတယ်။

Source : Daily Mail

ယနေ့ မန်စီးတီး - အာဆင်နယ်ပွဲစဉ် မည့်သည်ရလဒ် ထွက်မည်ထင်ပါသလဲ။»

  • 66,0% အာဆင်နယ်နိုင်မည်
  • 19,5% မန်စီးတီးနိုင်မည်
  • 14,5% သရေ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ