EPL: ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်များအပြီး လေ့လာစရာ အချက် (၅) ချက်

မန်ယူအသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေပြန်ကောင်းလာပေမဲ့ အာဆင်နယ်ကတော့ ချန်ပီယံဆုအတွက် သံသယရှိစရာ ဖြစ်လာခဲ့ပါတယ်။

play

 

ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမဲ့ မန်စီးတီးအသင်းကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပေးလိုက်ရလို့ ရှုံးပွဲတွေ့ခဲ့ပြီးနောက် အာဆင်နယ် အသင်းရဲ့ အမှတ်ပေးဖလားချန်ပီယံမျှော်လင့်ချက်ဟာ သံသယရှိစရာ ဖြစ်လာပါတယ်။ ဒီရှုံးပွဲကြောင့်အာဆင်နယ်ဟာ အမှတ်ပေးဇယား ထိပ်ဆုံးက ချယ်လ်ဆီးအသင်းနဲ့ ကိုးမှတ်ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီး လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ အနားပေးဖို့ လိုတဲ့ဆန်းချက်ဇ်

play

 

အာဆင်နယ်အသင်းအဖွင့်ဂိုးအတွက် ဝဲလ်ကော့ကို ဆန်းချက်ဇ်က ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆန်းချက်ဇ်ရဲ့ ကြံ့ခိုင်မှုက အရင်လို ဒေါင်ဒေါင်မြည်မဟုတ်တော့ဘူးဆိုတာ ဒီပွဲမှာ ပိုပြီးပေါ်လွင်လာပါတယ်။ ပြိုင်ဘက်ကစားသမားတွေရဲ့ဖျက်ထုတ်မှု ခံရတဲ့အခါ မကြာခဏဆိုသလို ဆန်းချက်ဇ် အနားယူခဲ့ရပြီး တွန်းတွန်းတိုက်တိုက် သိပ်ပြီးမကစားနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ ဆန်းချက်ဇ်ကို ရေရှည်သုံးဖို့ဆိုရင် ပွဲတိုင်းထုတ်သုံးနေတာကို ရပ်တန့်သင့်ပါပြီ။

၂။ အီဗရာဟီမိုဗစ်ခ်ျ

 

မန်ယူအသင်းဟာ ဒီလိုကစားသမားမျိုးတွေနဲ့ အကျိုးပေးလေ့ရှိပါတယ်။ ဖာဂူဆန်လက်ထက်တုန်းက ဟင်းနရစ်လာဆင်နဲ့ ဗန်ပါစီတို့ဟာ ကစားသမားဘဝရဲ့ နောက်ဆုံးအချိန်မရောက်ခင် အခိုက်အတန့် မန်ယူအသင်းမှာ တောက်ပခဲ့ကြဖူးပါတယ်။ အခု အီဗရာဟီမိုဗစ်ခ်ျ အလှည့်ဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရှိပြီဖြစ်ပေမဲ့ အီဗရာဟီမိုဗစ်ခ်ျဟာ မန်ယူအသင်းအတွက် ဒီရာသီမှာ ၂၅ ပွဲအထိ ပွဲထွက်ထားပြီးပြီဖြစ်ပြီး အခုနောက်ဆုံး ဝက်စ်ဘရွန်းနဲ့ပွဲမှာလည်း အနိုင်ဂိုးနှစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။

၃။ စောင့်ကြည့်ရမယ့် စတာလင်

မန်စီးတီးအသင်းအတွက် အနိုင်ဂိုး သွင်းယူခဲ့တဲ့ စတာလင်ရဲ့ ဂိုးဟာ ထိပ်တန်းအဆင့်မျိုးကို ပြသနိုင်ခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း စတာလင်က အကောင်းဆုံးခြေစွမ်းနဲ့အသင်းနိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါသေးတယ်။ စတာလင်ရဲ့ လျှင်မြန်တဲ့ပြေးနှုန်း၊ တိကျတဲ့ကန်ချက်နဲ့ အလိမ်အခေါက်တွေကြောင့် ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်လာမလားဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပါ။

၎။ အငြင်းပွားစရာ အနီကတ်

play

 

စတုတ်နဲ့ လက်စတာ  တစ်ဖက်နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ လက်စတာတိုက်စ်မှူး ဗာဒီရဲ့အနီကတ်ဟာ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။ ဗာဒီကဘောလုံးရချင်ဇောနဲ့ ပြိုင်ဘက်အသင်း ဂိုးသွင်းဖို့ အခွင့်အရေးမရှိတဲ့အချိန်မှာ ခပ်ကြမ်းကြမ်း ဖျက်ထုတ်မိခဲ့လို့ တိုက်ရိုက်အနီကတ် ပြခံခဲ့ရပါတယ်။ အဆိုပါပွဲကို တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင်ပေါဆင်ဟာ ပြီးခဲ့တဲ့တစ်ပတ်က မန်ယူနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲမှာတော့ အနီကတ်ပြသင့်တာကို မပြခဲ့လို့ ဝေဖန်ခံခဲ့ရသူဖြစ်ပါတယ်။ မန်ယူကစားသမားရိုဟိုက ဇာဟာကို ဖျက်ထုတ်ခဲ့တာလည်း ဒီလိုပုံစံဖြစ်ပေမဲ့ အရေးယူခံရမှုက လွတ်မြောက်ခဲ့ပါတယ်။

၅။ အကျင့်ဆိုး ဖျောက်မရ ဖြစ်နေဆဲ ကော်စတာ

play

 

ဒီရာသီမှာ ချယ်လ်ဆီးအသင်းရော တိုက်စစ်မှူး ကော်စတာပါ အကောင်းဆုံးခြေစွမ်းရရှိနေတာပါ။ ဒါပေမဲ့လည်း မလိုအပ်ဘဲ ပြိုင်ဘက်ကစားသမားတွေအပေါ် မကြာခဏ ဥပဒေပ ကစားတတ်တဲ့အကျင့်ကိုတော့ ကော်စတာဟာ မဖျောက်နိုင်ဖြစ်နေဆဲပါ။ အခုလည်း ခရစ္စယ်ပဲလေ့စ်နဲ့ပွဲမှာ အဝါကတ်ပြခံခဲ့ရလို့ လာမယ့် ဘောက်ဆင်ဒေးနေဲ့ ဘုန်းမောက်နဲ့ပွဲစဉ်ကို လွဲတော့မှာပါ။

Source : Mirror

ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်မည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ