EPL: ခရစ္စတယ်ပဲလေ့စ် ၀-၁ ချယ်လ်ဆီး ပွဲစဉ်မှ ပရိသတ်များ သတိမထားမိလိုက်သည့် အဖြစ်အပျက် (၅) ခု

ဒီပွဲမှာ ပရိသတ်အတော်များများ သတိမထားလိုက်တဲ့ ထူးခြားအဖြစ်အပျက် (၅) ခုရှိပါတယ်။

Chelsea vs Crystal Palace
play

 

ပြီးခဲ့တဲ့ တစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အပြီးမှာ ချယ်လ်ဆီးအသင်းဟာ နိုင်ပွဲဆက်ပြီးနောက် အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်လျက်ရှိပါတယ်။ ခရစ္စတယ်ပဲလေ့စ် ၁-၀ ချယ်လ်ဆီးပွဲစဉ်မှာ ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အဖြစ်အပျက် (၅) ခုရှိပါတယ်။

၁။ မြူခိုးများ

play

 

ဘောလုံးပရိသတ်တွေဟာ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ နှင်းကျသည်ဖြစ်စေ အမြဲလာရောက်အားပေးတတ်ကြပါတယ်။ ဒါပေမဲ့ မြူခိုးတွေကိုတော့ ဘောလုံးပရိသတ်တွေ စိတ်ပျက်လေ့ရှိပါတယ်။ ဘာကိုမှ ပြတ်ပြတ်သားသား မမြင်ရတော့လို့ပါ။ ခရစ္စတယ်ပဲလေ့စ်နဲ့ ချယ်လ်ဆီးပွဲစဉ်မှာ မြူခိုးတွေပိတ်ပိန်းနေအောင်ကျခဲ့ပြီး လူမှုကွန်ရက်မှာလည်း ဒီအကြောင်း လူပြောများခဲ့ပါတယ်။

၂။ ဇာဟာရဲ့ ရယ်စရာအဖြစ်

play
play

 

ဇာဟာက ချယ်လ်ဆီးကစားသမား ဟာဇက်ကို ဂိုးဧရိယာနားမှာ ဖျက်ထုတ်လိုက်တဲ့အတွက် ကွင်းလယ်ဒိုင်က ချယ်လ်ဆီးကို ပြစ်ဒဏ်ဘောကန်ဖို့ သတ်မှတ်ပေးခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကစားသမား ဇာဟာက ကွင်းလယ်ဒိုင်ဂျွန်မော့စ်ကို စောဒက တက်ခဲ့တဲ့ အချိန်မှာ အသင်းဖော်ကစားသမားက ဇာဟာကို ဝင်ရောက်နားချခဲ့တာဖြစ်ပါတယ်။ အဲဒီအခါ ဇာဟာက သူ့ရဲ့အသင်းဖော်နဲ့ပါ စကားများခဲ့တာကို ထူးထူးဆန်းဆန်းတွေ့ရပါတယ်။

၃။ ဝေဖန်ခံရတဲ့ ဝီလျံ

play

 

play

 

ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေ ကောင်းမွန်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့အချိန်မှာ ပရိသတ်တွေက ဝေဖန်သံတွေ တိတ်ဆိတ်နေမယ်လို့ ထင်စရာရှိပါတယ်။ ချယ်လ်ဆီးနိုင်ပွဲရခဲ့ပေမဲ့ ပရိသတ်တွေက ဝီလျံရဲ့ခြေစွမ်းကိုတော့ သဘောမကျခဲ့ပါဘူး။ တန်ပြန်တိုက်စစ်ဆင်ရမယ့်အချိန်မှာ ဝီလျံရဲ့ဘောလုံးအခင်းအကျင်းပေါ်ကို ပရိသတ်အချို့က လူမှုကွန်ရက်ပေါ်တက်ပြီး ဝေဖန်ကြပါတယ်။

၎။ တရားမဝင် မိုက်ကယ်ဘောလက်

play

 

ဂျာမနီလက်ရွေးစင် ကစားသမားဟောင်း မိုက်ကယ်ဘောလက်ဟာ ချယ်လ်ဆီးအသင်းမှာ လာရောက်ကစားဖူးသူ ဖြစ်လို့ ချယ်လ်ဆီးကို သံယောဇဉ်ရှိပြီး ပွဲစဉ်တွေစောင့်ကြည့်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ မိုက်ကယ်ဘောလက်ဟာ အချို့ပရိသတ်တွေလုပ်သလို အဲဒီနေ့က ချယ်လ်ဆီးပွဲစဉ်ကိုတော့ အင်တာနက်အွန်လိုင်းကနေ တရားမဝင် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ သူကိုယ်တိုင်တရားမဝင် လုပ်နေတာကို သတိမထားမိပဲ လူမှုကွန်ရက်ပေါ် တင်ခဲ့ပါသေးတယ်။

၅။ စိတ်လှုပ်ရှားလွန်ခဲ့တဲ့ ကွန်တီ

play
play

 

ချယ်လ်ဆီးက ၁-၀ ဂိုးနဲ့ ဦးဆောင်ချိန်မှာတောင် နည်းပြကွန်တီ စိတ်မအေးခဲ့ပါဘူး။ ၈၃ မိနစ်မှာ မားကို့စ်အလွန်ဆိုရဲ့ ဖရီးကစ်ဟာ ဂိုးရဖို့အတော်နီးစပ်ခဲ့ပြီး ဘားတန်းထိကာ ပြန်ထွက်လာခဲ့ပါတယ်။ အဲဒီကန်ချက်ကို ကွင်းဘေးမှာ ကြည့်နေခဲ့တဲ့ နည်းပြကွန်တီဟာ ဟန်မဆောင်နိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ဟန်တွေ့ရပြီး ဂိုးမဝင်တာကိုသိလိုက်တဲ့အခါ အလွန်စိတ်ပျက်သွားတဲ့ အမူအရာကိုလည်း တွေ့ခဲ့ရပါတယ်။

Source : Daily Mail

ချယ်လ်ဆီးအသင်း ချန်ပီယံဖြစ်မည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ