EPL: တရုတ်စူပါလိဂ်မှ ပေါင်သန်း ၁၂၀ ဖြင့်ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး မန်ယူတွင် ဆက်ရှိမည့် အီဘရာဟီမိုဗစ်ခ်ျ

မန်ယူအသင်းဘက်ကလည်း နောက်ထပ်တစ်ရာသီစာချုပ် ထပ်တိုးမယ်လို့ ပြောထားပါတယ်။

Zlatan Ibrahimovic Goal
play

 

တိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ တရုတ်စူပါလိဂ်ကလပ်အသင်းတွေဘက်က ပေါင်သန်း ၁၀၀ ကျော်တန် ကမ်းလှမ်းမှုကို ပယ်ချပြီးမန်ယူအသင်းမှာပဲ နောက်ထပ် တစ်ရာသီဆက်နေဖို့ ဆုံးဖြတ်ထားကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြလာပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျကို တရုတ်စူပါလိဂ် ပြိုင်ပွဲမှာ လာရောက်ကစားဖို့ တရုတ်အစိုးရကိုယ်တိုင် ကျောထောက်နောက်ခံပေးပြီး ကလပ်အသင်းတွေအတွက် ကူညီနေတာဖြစ်ပါတယ်။ တရုတ်စူပါလိဂ်ရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့ ကမ္ဘာ့ထိပ်သီးကစားသမားတွေကို ဆက်တိုက်ခေါ်ယူနေတဲ့ ထုံးစံအတိုင်း အီဘရာဟီမိုဗစ်ခ်ျကိုလည်း ပေါင်သန်း ၁၂၀ အထိ အကုန်ကျခံကာ ခေါ်ယူဖို့ တရုတ်ဘက်က ပြင်ဆင်နေတာ ဖြစ်ပါတယ်။

play

 

အီဘရာဟီမိုဗစ်ခ်ျကို တရုတ်စူပါလိဂ် လာရောက်ကစားဖို့ ပြီးခဲ့တဲ့နှစ်မှာလည်း တရုတ်ကလပ်အသင်းတွေဘက်က တစ်နှစ်လုပ်ခလစာ ပေါင် ၅၆ သန်းနဲ့ကမ်းလှမ်းခဲ့သေးတယ်လို့ သိရပါတယ်။ အီဘရာဟီမိုဗစ်ခ်ျကို မန်ယူအသင်းက တစ်ရာသီသာ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး နောက်ထပ်တစ်ရာသီ သက်တမ်းထပ်တိုးမယ်လို့ နည်းပြမော်ရင်ဟို အတည်ပြုပေးထားပါတယ်။

တရုတ်စူပါလိဂ်ဘက်က အီဘရာဟီမိုဗစ်ခ်ျကို ခေါ်ခွင့်ရမယ်ဆိုရင် မန်ယူအသင်းကိုပါ ပြောင်းရွှေ့ကြေးပေးချေဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ အသက်အရွယ်ထောက်နေပြီဖြစ်ပေမဲ့ ကြံ့ခိုင်မှု ကောင်းနေသေးတဲ့အပြင် အသင်းအတွက် အရေးပါတဲ့ဂိုးတွေကို ဆက်တိုက်သွင်းယူနေပြီး အသင်းက လူငယ်ကစားသမားတွေကို သင်ကြားပေးနိုင်တဲ့အတွက် မန်ယူအသင်းကလည်း စာချုပ်သက်တမ်း ထပ်တိုးချင်နေတာ ဖြစ်ပါတယ်။

play

 

တရုတ်စူပါလိဂ်ဘက်က ပရီးမီးယားလိဂ် ထိပ်သီးကစားသမားတစ်ဦးကိုနောက်ဆုံးခေါ်ယူထားတာကတော့ ချယ်လ်ဆီးက အော်စကာဖြစ်ပြီး လာမယ့်ဇန်နဝါရီမှာ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ