EPL: မန်ယူအသင်း ရောက်လာဖွယ်ရှိတဲ့ လင်ဒီလော့ဖ်အကြောင်း သိထားသင့်သမျှ

Victor Lindelof

လာမယ့် ဇန်နဝါရီမှာ မန်ယူအသင်းကို ရောက်ဖို့ အလွန်နီးစပ်နေတဲ့ ဘင်ဖီကာကစားသမား လင်ဒီလော့ဖ်ရဲ့ အကြောင်းဟာ ပရိသတ်တွေ ကြားမှာ အခုရက်ပိုင်းအတွင်း အလွန်ရေပန်းစားနေတာပါ။ ဘင်ဖီကာ အသင်းမှာလည်း ပထမကစားသမားတစ်ဦးအဖြစ် နေရာရလာတာ မကြာသေးတာကြောင့် လင်ဒီလော့ဖ်အကြောင်း လူသိနည်းနေဦးမှာဖြစ်ပါတယ်။

play

 

လင်ဒီလော့ဖ်ဟာ  အသက် ၁၇ နှစ်အရွယ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာရဲ့ခေါ်ဆိုခြင်းကို ခံခဲ့ရပေမဲ့ ပထမအသင်းကြီးမှာ  ပွဲထွက်ခွင့် ရဖို့ကိုတော့ လေးနှစ်ကြာ စောင့်ခဲ့ရတာပါ။ ဆွီဒင်ယူ-၂၁ အသင်းမှာ ခြေစွမ်းပြခဲ့ပြီးနောက် သူ့ရဲ့ပုံရိပ်ဟာ ပိုပြီးနာမည်ရလာခဲ့တာပါ။ ၂၀၁၆ ခုနှစ်ဇန်နဝါရီလမှာ လင်ဒီလော့ဖ်အတွက် အခွင့်အရေးတစ်ခုရလာပါတယ်။

play

 

ဘင်ဖီကာအသင်းခေါင်းဆောင် လူးဝစ္စဆွာအိုနဲ့ နောက်ခံကစားသမား လိုပက်ဇ်တို့ ဒဏ်ရာရနေချိန်မှာ အသင်းက လင်ဒီလော့ဖ်ကို ပွဲထွက်ခွင့်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ ရလာတဲ့ အခွင့်အရေးကို အကောင်းဆုံးအသုံးချခဲ့တဲ့ လင်ဒီလော့ဖ်ဟာ အစားထိုးကစားသမား သက်သက်မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပြန်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ပထမဆုံးလူစားဝင်ကစားခဲ့တဲ့ မိုရီရန်းစ်နဲ့ပွဲစဉ်မှာလည်း လင်ဒီလော့ဖ်ရဲ့ ခြေစွမ်းဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။

play

 

လေထဲကဘောလုံးကို ခေါင်းတိုက်ရှင်းထုတ်တာတွေ၊ မြန်နှုန်းမြင့်ပြေးအားတွေနဲ့ ပေးပို့ပုံ ကောင်းတာတွေကြောင့် လင်ဒီလော့ဖ်ဟာ နာမည်ကျော်လာပါတယ်။ လင်ဒီလော့ဖ်ပါဝင်တဲ့ ၁၅ ပွဲမှာ ဘင်ဖီကာ အသင်းက ၁၄ ပွဲအထိ နိုင်ပွဲရခဲ့ပြီး ကံတရားရဲ့ ဖေးမမှုကိုလည်း လင်ဒီလော့ဖ် ရရှိခဲ့တာပါ။ အဲဒီရာသီမှာပဲ ဘင်ဖီကာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက်ရှိခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ဂိုးကျဉ်းမြောင်းစွာနဲ့ ရှုံးခဲ့လို့သာ ထွက်ခဲ့ရတာပါ။ အိမ်ကွင်းအဝေးကွင်း နှစ်ပွဲလုံး လင်ဒီလော့ဖ် ပါဝင်ကစားခဲ့ပြီး ပရိသတ်အာရုံစိုက်မှု ရရှိခဲ့ပါတယ်။

play

 

၂၀၁၆ အတွင်း ဆွီဒင် ယူ-၂၁ အသင်းနဲ့အတူ ယူရိုချန်ပီယံရှစ် ဖလား ရရှိခဲ့တာကြောင့် အသင်းကြီးတွေ ပိုပြီး သတိထားလာမိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီမှာတော့ သူ့ရဲ့နာမည်ပြောင်က "ရေခဲလူသား" ဖြစ်ပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ