EPL: ချယ်လ်ဆီးကို အခြားအသင်းများ လိုက်မီရန် မလွယ်တော့

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဝန်ခံပြောကြားလိုက်တာပါ။

play

 

လက်ရှိပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ချယ်လ်ဆီးအသင်းကို လိုက်မီဖို့ မလွယ်တော့ဘူးလို့ မော်ရင်ဟိုက ပြောကြားလိုက်ပါတယ်။

play

 

ကစားပုံနဲ့ ရလဒ်အရမ်းတည်ငြိမ်နေတဲ့ ချယ်လ်ဆီးအသင်းကို အခြားပြိုင်ဘက်အသင်းတွေ လိုက်မီဖို့ မလွယ်တော့ဘူးလို့ မော်ရင်ဟိုက ဝန်ခံလိုက်တာဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေါ်ဇယား အဆင့်-၆ နေရာမှာ ရပ်တည်နေရတဲ့ မန်ယူအသင်းဟာ ထိပ်ဆုံးက ချယ်လ်ဆီးနဲ့ ၁၃ မှတ်တိတိကွာဟနေပါတယ်။ ချယ်လ်ဆီးအသင်းကလည်း အမှတ်ပေးဇယား ဒုတိယနေရာက လီဗာပူးအသင်းကိုတောင် ၆ မှတ်ဖြတ်ထားနိုင်တဲ့အထိ ရလဒ်တွေကောင်းမွန်နေတာ ဖြစ်ပါတယ်။

play

 

" ချယ်လ်ဆီးအသင်း ဒီရာသီမှာ ရမှတ်တွေ ဆုံးရှုံးနေတာ သိပ်မမြင်မိဘူး။ သူတို့ တစ်ဂိုးသွင်းရင်တောင်မှ နိုင်ပွဲရနေတာပဲလေ။ ခံစစ်လည်း အရမ်းကောင်းတယ်။ လူတွေဘာပြောလဲ သူတို့ဂရုမစိုက်ဘူး။ သူတို့လိုချင်တာ နိုင်ပွဲပဲ။ အရိုးသားဆုံး ပြောရရင် အမှတ်ကွာနေသလို သူတို့ကစားပုံကြောင့်လည်း လိုက်မီဖို့ ခက်သွားတာပါ" လို့ မော်ရင်ဟိုက ဝန်ခံခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်ဘောလုံးရာသီအပြီးမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရုံ အဆင့်-၄ နေရာကိုသာ ရည်မှန်းပြီးတိုက်ပွဲဝင်နေတာ မဟုတ်ဘူးလို့ မော်ရင်ဟိုက ထပ်ပြောခဲ့ပါတယ်။ " ကျွန်တော်တို့ အဆင့်ဘယ်လောက်ရမလဲ ကြည့်ကြတာပေါ့။ အဆင့်-၄ လို့တော့ မပြောချင်ဘူး။ ကျွန်တော်တို့ဟာ အဆင့်-၄ နေရာထက်ပိုမြင့်တဲ့ နေရာရအောင် ကြိုးစားနိုင်တယ်လို့ ထင်တယ်" လို့ မော်ရင်ဟိုက ဆိုပါတယ်။

Source : SkySports

ယခုနှစ်တွင် မန်ယူ ချန်ပီယံလိဂ် ဝင်ခွင့်ရမည် ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ