EPL: မန်ယူအသင်း၏ ရိုးရာအစဉ်အလာများ ပျောက်ဆုံးသွားပြီဟု ဒေးဗစ်မိုယက်စ် ဝေဖန်

မန်ယူအသင်းရဲ့ လမ်းကြောင်းဟာ ပြောင်းလဲသွားခဲ့ပြီလို့ ဆိုပါတယ်။

play

 

အသင်းဂန္တဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်မရှိတော့တဲ့ နောက်ပိုင်းမန်ယူအသင်းရဲ့ ရိုးရာထုံးတမ်းအစဉ်အလာတွေဟာ ပျောက်ဆုံးသွားပြီဖြစ်တယ်လို့ လက်ရှိဆန်းဒါးလန်းနည်းပြ ဒေးဗစ်မိုယက်စ်က ပြောကြားလိုက်ပါတယ်။

ဖာဂူဆန်အနားယူသွားပြီးတဲ့နောက်မှာ ဒေးဗစ်မိုယက်စ်က အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ပထမဆုံးနည်းပြဖြစ်ခဲ့ပြီး တစ်ရာသီမပြည့်ခင်မှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရသူဖြစ်သူပါတယ်။ ဒါပေမယ့် အရင်က မန်ယူအသင်းမှာ နှစ်ပေါင်းများစွာ မြင်ခဲ့ရတဲ့ ထုံးတမ်းအစဉ်အလာနဲ့ ရိုးရာတွေဟာ နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်သွားပြီလို့ မိုယက်စ်က ပြောပါတယ်။ " ဒါတွေ (ရိုးရာအစဉ်အလာ)တွေအားလုံးပျောက်ကွယ်သွားပြီလို့ ကျွန်တော်ပြောရဲပါတယ်။ အသင်းရှေ့ဆက်ဖို့အတွက် လမ်းကြောင်းအချို့ကို ရွေးချယ်ရာမှာ သူတို့အတွက် သင့်တော်မယ်ထင်တယ်လမ်းကြောင်းကို ရွေးချယ်ခဲ့ကြပါတယ်" လို့ မိုယက်စ်က ပြောပါတယ်။

play

 

ဖာဂူဆန်လက်ထက်မှာတော့ မန်ယူအသင်းဟာ ကစားသမားအပြောင်းအရွှေ့ဈေးကွက်မှာ ထိပ်သီးကစားသမားတွေကို ဈေးကြီးပေးမဝယ်တဲ့ အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၃ မှာ ဖာဂူဆန်အနားယူသွားချိန်ကစလို့ မန်ယူအသင်းဟာ ထိပ်သီးကစားသမားတွေကို စတင်ဝယ်ယူခဲ့ပြီး လက်ရှိအချိန်ထိ ပေါင်သန်း ၄၈၀ အသုံးပြုထားပြီးပြီ ဖြစ်ပါတယ်။

 

" အရင်ကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ယူအသင်းက အခြားအသင်းတွေနဲ့ ယှဉ်ပြိုင်ဖို့ မကြိုးစားခဲ့ဘူး။

ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှန်မယ်ထင်တာကို လုပ်ခဲ့တဲ့အသင်းဖြစ်တယ်။ ဆာအဲလက်စ်ကိုယ်တိုင်ရှေ့ထွက်ပြီး သင့်တော်မယ်ထင်တဲ့ အရာတွေကို လုပ်ဖြစ်ခဲ့တယ်" လို့ မန်ယူနည်းပြဟောင်းလည်းဖြစ်တဲ့ မိုယက်စ်က ပြောပါတယ်။ လာမယ့်တစ်ပတ် ဘောက်ဆင်ဒေးမှာ ဒေးစ်ေမိုယက်စ်က ဆန်းဒါးလန်းနဲ့အတူ မန်ယူအသင်းအိမ်ကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ