EPL: ချယ်လ်ဆီးအသင်းအတွက် ကစားသမားအဖြစ် ပြန်ကစားပေးချင်နေသည့် လမ်းပတ်

လမ်းပတ်က ချယ်လ်ဆီးအတွက် သွင်းဂိုးအများဆုံး ကစားသမား ဖြစ်ပါတယ်။

play

 

ချယ်လ်ဆီးအသင်း ကစားသမားဟောင်းဖြစ်သူ လမ်းပတ်က ဘောလုံးသမားဘဝက အနားမယူမီမှာ ချယ်လ်ဆီးအသင်းထံကို ကစားသမားအဖြစ်ပြန်လာချင်ကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းအတွက် သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်ခဲ့တဲ့ လမ်းပတ်ဟာ လက်ရှိ မေဂျာလိဂ်ကလပ်အသင်း နယူးယော့ခ်စီးတီးအသင်းနဲ့စာချုပ်သက်တမ်း ကုန်ပြီဆိုရင် ပရီးမီးယားလိဂ်ကို ပြန်လာဖို့ ရှိနေပါပြီ။ လက်ရှိ နယူးယော့ခ်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကုန်တဲ့အခါ အခြားကမ်းလှမ်းမှု မရှိဘူးဆိုရင်တော့ ချယ်လ်ဆီးအသင်းကို ကစားသမားအဖြစ် ပြန်လာချင်ကြောင်း လမ်းပတ်က အသင်းဖော်ဟောင်း ဂျွန်တယ်ရီနဲ့ စကားဝိုင်းအစီအစဉ်မှာ ဝန်ခံပြောကြားလိုက်တာ ဖြစ်ပါတယ်။

play

 

" ကျွန်တော်ကတော့ ကစားသမားအဖြစ် ရှိနေဦးမှာပဲ။ ဒါပေမဲ့ ကျွန်တော့်လက်ထဲမှာပဲ (လုပ်ပိုင်ခွင့်) အကုန်မရှိဘူးလေ။ ဒီထက်ပိုပြီးတော့ ကျွန်တော်မပြောနိုင်တော့ဘူး"လို့ လမ်းပတ်က ပြောခဲ့တာဖြစ်ပါတယ်။ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းအတွက် ၁၃ နှစ်အတွင်း ၂၁၁ ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

" ကျွန်တော်နဲ့ အံဝင်မယ်လို့ ထင်နေတုန်းပဲ။ စိတ်ကလည်း လန်းဆန်းနေဆဲလေ"လို့ လမ်းပတ်က ပြောခဲ့ပါသေးတယ်။ အသက် ၃၀ ကျော်လာရင်တော့ အပြောင်းအလဲတွေကို စပြီးလက်သင့်ခံရမယ့်အချိန်ဖြစ်ကြောင်း လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

Source : Mirror

Frank Lampard
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ