AD
AD
AD
play

 

ဆယ်ကျော်သက်လူငယ်ဘောလုံးသမားဘဝတုန်းက အာဆင်နယ်နဲ့ မန်ယူအသင်း အပြိုင်ကမ်းလှမ်းခဲ့ချိန်မှာ ဘာကြောင့် မန်ယူကိုငြင်းပယ်ပြီး အာဆင်နယ်ကို ရွေးချယ်ခဲ့သလဲဆိုတာ ကွင်းလယ်ကစားသမား ရမ်ဆေးက ဖွင့်ဟလိုက်ပါပြီ။

ရမ်ဆေးဟာ အသက် ၁၇ နှစ်အရွယ်မှာ ငယ်ဘဝကလပ်ဖြစ်တဲ့ ကာဒစ်ဖ်စီးတီးအသင်းကို စွန့်ခွာပြီး အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရမ်ဆေးရဲ့ ဖခင်ဟာ မန်ယူအသင်းပရိသတ်တစ်ဦးဖြစ်ပေမဲ့ ရမ်ဆေးကတော့ အာဆင်နယ်အသင်းကိုသာ ရွေးချယ်ခဲ့တာဖြစ်ပြီး ဘာကြောင့်မန်ယူအသင်းကို ငြင်းပယ်ခဲ့သလဲဆိုတဲ့ အကြောင်းပြချက်ကို ရှစ်နှစ်ကြာပြီးတဲ့နောက် အခုထုတ်ပြောလိုက်ပြီဖြစ်ပါတယ်။

play

 

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးနဲ့ တွေ့ဆုံခဲ့ပြီးနောက် အဲဒီအချိန်မှာ အာဆင်နယ်အသင်းက သူ့ကိုပြီး အလိုရှိကြောင်း၊ လိုအပ်ကြောင်း ပြသခဲ့တယ်လို့ ထင်မိတဲ့အတွက် အာဆင်နယ်ကို ရွေးခဲ့တာဖြစ်တယ်လို့ ရမ်ဆေးက ပြောပါတယ်။ " ကျွန်တော့်ကို အာဆင်နယ်အသင်းကရော အာဆင်နယ်နည်းပြကြီးကပါ တကယ်လိုအပ်ခဲ့တယ်လို့ ခံစားမိခဲ့တယ်။ ၁၇ နှစ်သား ချာတိတ်တစ်ယောက် အတွက်တော့ စင်းလုံးငှားဂျက်လေယာဉ်ကြီးနဲ့ လာကြိုတာခံရပြီး သူ့ကိုဟိုတယ်မှာ သွားတွေ့ရတာဟာ စိတ်ကူးယာဉ်ဆန်တဲ့ ဖြစ်ရပ်ပါ"လို့ ရမ်ဆေးက ပြောပါတယ်။

အဲဒီအချိန်တုန်းက ရမ်ဆေးဟာ မန်ယူအသင်းကိုလည်း ရောက်ဖို့ အလွန်နီးနီးစပ်စပ် ဖြစ်ခဲ့ပြီး အသင်းဘက်ကတောင် တရားဝင်ကြေညာဖို့ အဆင်သင့် ပြင်ထားခဲ့တာပါ။

Source : 90min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD