EPL: ဘောက်ဆင်ဒေးနေ့ ပရီးမီးယားလိဂ် ပွဲစဉ်များမတိုင်ခင် စောင့်ကြည့်ရမယ့် ထူးခြားချက် (၅) ချက်

ဘောက်ဆင်ဒေးနေ့မှာ ကစားတဲ့ ပရီးမီးယားလိဂ်ပွဲဆိုရင် ကမောက်ကမဖြစ်လေ့ရှိပါတယ်။

ဘောက်ဆင်ဒေးလို့ ခေါ်တဲ့ ခရစ္စမတ်အပြီးနောက်တစ်နေ့မှာ ကစားရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဟာ ရလဒ်တွေ အမြဲကမောက်ကမဖြစ်လေ့ရှိတဲ့ အစဉ်အလာ ရှိပါတယ်။ ဒီနေ့ဘောက်ဆင်ဒေးမှာလည်း ပရီးမီးယားလိဂ်ပွဲစဉ်တွေ ရှိနေပါသေးတယ်။

ဘောက်ဆင်ဒေး ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ နိုင်ပွဲလိုတဲ့ အာဆင်နယ်

play

 

ပြီးခဲ့တဲ့တစ်ပတ်မှာ မန်စီးတီးကို ရှုံးသွားတဲ့အတွက် အာဆင်နယ်ဟာ ဒီနေ့ ဝက်စ်ဘရွန်းနဲ့ ကစားမယ့်ပွဲမှာ မဖြစ်မနေ နိုင်ပွဲလိုအပ်ပါတယ်။ ထိပ်ဆုံးချယ်လ်ဆီးနဲ့ ကိုးမှတ်ပြတ်နေချိန်မှာ ဒီထက်ပိုပြီးအမှတ်ပြတ်သွားရင် အာဆင်နယ်က ချန်ပီယံဆု မျှော်လင့်ဖို့ ပိုဝေးသွားတော့မှာ ဖြစ်ပါတယ်။

၂။ စံချိန်ချိုးနိုင်ချေရှိတဲ့ ချယ်လ်ဆီး

play

 

ထိပ်ဆုံးက ဦးဆောင်နေတဲ့ ချယ်လ်ဆီးဟာ ဘုန်းမောက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးက ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် နိုင်ထားတဲ့အတွက် ဒီပွဲနိုင်ရင် ၁၂ ပွဲဆက်တိုက်နိုင်တဲ့စံချိန်ကို ရမှာပါ။ ပြောစရာရှိတာကတော့ ဒီပွဲမှာ ချယ်လ်ဆီးရဲ့ အားထားရတဲ့ ကော်စတာနဲ့ ကန်တေမပါနိုင်တာပဲ ဖြစ်ပါတယ်။ ကန်တေမပါရင်တော့ ချယ်လ်ဆီး ကစားကွက် ပြောင်းရဖွယ်ရှိပါတယ်။

၃။ အိုးထရက်ဖို့ပြန်လာမယ့် မိုယက်စ်

play

 

ဖာဂူဆန်အနားယူပြီးနောက် မန်ယူအသင်းနည်းပြအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဒေးဗစ်မိုယက်စ်ဟာ ဘောက်ဆင်ဒေးနေ့မှာ ဆန်းဒါးလန်းနဲ့အတူ အိုးထရက်ဖို့ကို ပြန်လာမှာပါ။ မန်ယူအသင်းနဲ့ ခြောက်နှစ်စာချုပ်ချုပ်ခဲ့ပေမဲ့ မိုယက်စ်ဟာ ရှစ်လသာခံပြီး အသင်းနဲ့ လမ်းခွဲလိုက်ရသူပါ။ အိုးထရက်ဖို့ဒ်မှာ မိုယက်စ်ဘာတွေလုပ်ပြမလဲ စောင့်ကြည့်ရမှာပါ။

၎။ အသွင်သစ်နဲ့ ခရစ္စတယ်ပဲလေ့စ်

play

 

ခရစ္စတယ်ပဲလေ့စ်အသင်းက နည်းပြအလန်ပါဂျူးကိုထုတ်လိုက်ပြီဖြစ်ပါတယ်။ အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်ကို ခန့်လိုက်ပြီဖြစ်ပေမဲ့ ဒီပွဲကို ကိုင်တွယ်ဦးမှာ မဟုတ်ပါဘူး။ ဘောက်ဆင်ဒေးနေ့မှာ ခရစ္စတယ်ပဲလေ့စ်က နည်းပြချုပ်မပါဘဲ ဝက်ဖို့ဒ်ကို ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။

၅။ နလန်ထူလာတဲ့ မန်စီးတီး

play

 

လက်စတာကို ၄-၂ ဂိုးနဲ့အရှက်တကွဲ ရှုံးလိုက်ပေမဲ့ မန်စီးတီးအသင်းဟာ ဝက်ဖို့ဒ်နဲ့ အာဆင်နယ်ကို နိုင်ပွဲယူပြီး အဆင့်-၃ နေရာ ပြန်ရောက်လာပါတယ်။ ဒီတစ်ပတ်လည်း တွေ့ရမယ့်အသင်းက ဟားလ်စီးတီးဖြစ်နေတာကြောင့် မန်စီးတီး နိုင်ပွဲယူပြီး အခြေအနေ ပေးခဲ့ရင် အမှတ်ပေးဇယားတောင် အပြောင်းအလဲ ဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမဲ့ ၂၀၁၀ တုန်းက ဟားလ်စီးတီးအသင်းဟာ မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ယူဖူးပါတယ်။

Source : The Sun

ဘောက်ဆင်ဒေးမှာ ဘယ်အသင်းတွေ ခြေချော်မယ် ထင်ပါသလဲ။ »

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ