EPL: လီဗာပူးတိုက်စစ် ကစားသမားကို ဘာစီလိုနာ ခေါ်ယူချင်နေဟု ရော်နယ်ဒင်ဟို ဖော်ထုတ်

လီဗာပူးတိုက်စစ်မှူးအကြောင်းကို ဘာစီလိုနာအသင်းသံတမန် ရော်နယ်ဒင်ဟိုက ဖော်ထုတ်လိုက်တာပါ။

play

 

စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းက ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးကို ခေါ်ယူချင်နေကြောင်း ရော်နယ်ဒင်ဟိုက ထုတ်ပြောလိုက်ပါတယ်။

ဘာစီလိုနာအသင်း ကစားသမားဟောင်းဖြစ်သူ ရော်နယ်ဒင်ဟိုဟာ လက်ရှိမှာ အဆိုပါစပိန်ကလပ်အသင်းရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်း ခံထားရသူပါ။ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ လီဗာပူးအသင်း တိုက်စ်ကစားသမား ကော်တင်ဟိုကို ဘာစီလိုနာအသင်းက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကော်တင်ဟိုက လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရပေမဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်ပါဝင်နိုင်တော့မှာ ဖြစ်ပါတယ်။

play

 

ကော်တင်ဟိုရဲ့ခြေစွမ်းကို ဘာစီလိုနာအသင်းက အလွန်သဘောကျနေတာကြောင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်းကို ရော်နယ်ဒင်ဟိုက ပြောကြားခဲ့တာဖြစ်ပါတယ်။ " ဒဏ်ရာက ပြန်သက်သာလာပြီးရင် လီဗာပူးနဲ့အတူ ကော်တင်ဟို ဆက်ပြီးခြေစွမ်းပြနိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ်။ ဒီရာသီ ဥရောပလိဂ်တွေထဲ ခြေစွမ်းအကောင်းဆုံး ကစားသမားထဲမှာ ကော်တင်ဟိုလည်း ပါနေပါတယ်။ သူ့ကို ဘာစီလိုနာအသင်းက အတော်လေးသဘောကျနေတယ်ဆိုတာလည်း ကျွန်တော်သိပါတယ်" လို့ The Sun သတင်းစာကို ဘရာဇီးကြယ်ပွင့်ဟောင်း ရော်နယ်ဒင်ဟိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ကော်တင်ဟိုဟာ ဒီသတင်းမတိုင်ခင်မှာလည်း ဘာစီလိနာက ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သတင်းထွက်ထားသူဖြစ်ပါတယ်။ ကော်တင်ဟိုက ဒီရာသီမှာ ၁၃ ပွဲကစားပြီး ၅ ဂိုးသွင်းထားပါတယ်။

ှSource : Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ