EPL: ဘောက်ဆင်ဒေး ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး၊ မန်ယူ၊ အာဆင်နယ် အားလုံး နိုင်ပွဲရ

, updated

အသင်းကြီးအားလုံး နိုင်ပွဲဆက်ခဲ့ကြပါတယ်။

play

 

ဘောက်ဆင်ဒေးနေ့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ ကို ကစားခဲ့ကြပြီးတဲ့နောက်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ဦးဆောင်နေတဲ့ချယ်လ်ဆီးနဲ့အတူ မန်ယူအသင်းလည်း နိုင်ပွဲဆက်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းကလည်း  အိမ်ကွင်းမှာ ဝက်စ်ဘရွန်းကို နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

မန်ယူအသင်းက အိမ်ကွင်းမှာ နည်းပြဟောင်းမိုယက်စ်ရဲ့ ဆန်းဒါးလန်းအသင်းကို ဧည့်ခံကစားခဲ့တာဖြစ်ပြီး တိုက်စစ်ကို အပြောင်းလဲ ပြုလုပ်ခဲ့ပါတယ်။ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့ပြီး အီဘရာဟီမိုဗစ်ခ်ျနဲ့အတူ လင်ဂတ်ကို တိုက်စစ်မှာ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဘက်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ဆန်းဒါးလန်းဘက်ကို စိတ်ရှည်ရှည်နဲ့ ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန် ၃၉ မိနစ်မှာ မထင်မှတ်တဲ့ကစားသမား ဘလင်းက သွင်းယူသွားခဲ့တာပါ။

play

 

ဆန်းဒါးလန်း ကစားသမားများစွာ ရှိနေတဲ့ကြားထဲက ဘလင်းနဲ့ အီဘရာဟီမိုဗစ်ခ်ျ ခက်ခက်ခဲခဲ အပေးအယူလုပ်ပြီး ဘလင်းက မထင်မှတ်တဲ့အနေအထားကနေ သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒုတိယဂိုးကိုတော့ ပွဲချိန် ၈၁ မိနစ်မှာ အီဘရာဟီမိုဗစ်ခ်ျက သွင်းယူသွားတာပါ။

 

တန်ပြန်တိုက်စစ်ကတဆင့် ရလာတဲ့ဘောလုံးကို ပေါ့ဂ်ဘာဆွဲယူလာပြီး အီဘရာဟီမိုဗစ်ခ်ျအတွက်ထိုးပေးလိုက်လာတာဖြစ်ပါတယ်။ နောက်ထပ် လေးမိနစ်အကြာမှာ တတိဂိုးကို မန်ယူအသင်းထပ်ရပြန်ပါတယ်။ အီဘရာဟီုမိုဗစ်ခ်ျက ဂိုးထဲဖြတ်တင်လိုက်တဲ့ ဘောလုံးကို မက်ခီတာရမ်က ဖနောင့်နဲ့ချိတ်ပြီး ကြုံသလိုသွင်းယူလိုက်တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဆန်းဒါးလန်းက ဘိုရီနီတစ်ဂိုးပြန်သွင်းခဲ့ပါတယ်။

play

 

ချယ်လ်ဆီးအသင်းက ဘုန်းမောက်ကို အခက်အခဲမရှိ ၃-၀ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပြီး ပထမပိုင်းမှာ ပက်ဒရိုက အဖွင့်ဂိုး သွင်းယူခဲ့ပါတယ်။  ဒုတယပိုင်းအစမှာရတဲ့ ပင်နယ်တီကို ဟာဇက်က သွင်းယူခဲ့တာပါ။ ပွဲပြီးခါနီးမှာ ပက်ဒရိုက ချယ်လ်ဆီးအနိုင်သေချာစေမယ့် ဂိုးကိုသွင်းပေးနိုင်ခဲ့ပြီး ချယ်လ်ဆီးလည်း ပရီးမီးယားလိဂ် ၁၂ ပွဲဆက်တိုက် နိုင်ပွဲရခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းကတော့ ဝက်စဘရွန်းကို ပွဲပြီးခါနီး ၈၆ မိနစ်မှာ ရတဲ့ ဂျီရုဒ်ရဲ့ ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ှSource : flashscore

Arsenal vs West Bromwich 1-0 Highlights
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ