EPL: ဗာဒီ ပွဲပယ်ခံရမှုအပေါ် မျက်နှာဖုံး ၃၀,၀၀၀ ဖြင့် လက်စတာအသင်း ဆန္ဒပြ

ဗာဒီရဲ့ ဇနီးဖြစ်သူကလည်း အခြားသူနှစ်ဦးနဲ့အတူ ဗာဒီမျက်နှာဖုံး တပ်ဆင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို တွစ်တာမှာလွှင့်တင်ခဲ့ပါတယ်။

play
လက်စတာအိမ်ကွင်းမှာ တွေ့ရသည့် ဗာဒီမျက်နှာဖုံးများ


ဘောက်ဆင်ဒေးနေ့မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလက်စတာစီးတီးနဲ့ အဲဗာတန်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လက်စတာအသင်းက သုံးပွဲပယ်ခံရတဲ့ တိုက်စစ်မှူးဗာဒီပုံ မျက်နှာဖုံးများဖြင့် ဆန္ဒပြခဲ့ကြပါတယ်။ ဗာဒီမျက်နှာဖုံး ၃၀,၀၀၀ ခန့်ကို ပရိသတ်များထံ ဖြန့်ဝေခဲ့ပြီး ထိုင်ခုံများမှာလည်း တပ်ဆင်ထားခဲ့ပါတယ်။

လက်စတာက ဗာဒီမျက်နှာဖုံးများဖြင့် ဆန္ဒပြ


တိုက်စစ်မှူးဗာဒီဟာ စတုတ်စီးတီးနဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရခဲ့ပြီး အဆိုပါ အနီကတ်ကြောင့် အက်ဖ်အေက သုံးပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ လက်စတာက ဗာဒီရဲ့ပြစ်ဒဏ်ကို အယူခံလျှောက်ထားခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီး အသင်းပိုင်ရှင် ထိုင်းဘီလျံနာ ဝိချိုင်က အဆိုပါပြစ်ဒဏ်ဟာ တရားမျှတမှုမရှိကြောင်း ပြောပါတယ်။

play
ထိုင်းဘီလျံနာ ဝိချိုင်နှင့် ပွဲပယ်ခံထားရသည့် လက်စတာ ကစားသမားများ


လက်စတာနဲ့ အဲဗာတန်ပွဲ မစတင်မီမှာ ဗာဒီမျက်နှာဖုံးများ King Power အားကစားကွင်း ထိုင်ခုံတွေမှာ ချထားတဲ့ပုံတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့ပါတယ်။ အက်ဖ်အေဥက္ကဋ္ဌကိုလည်း ဗာဒီမျက်နှာဖုံးဖြင့် ရုပ်သံပြကွက်တွေမှာ မြင်တွေ့ခဲ့ရပါတယ်။


ဗာဒီရဲ့ ဇနီးဖြစ်သူကလည်း အခြားသူနှစ်ဦးနဲ့အတူ ဗာဒီမျက်နှာဖုံး တပ်ဆင်ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို တွစ်တာမှာလွှင့်တင်ခဲ့ပြီး ဗာဒီမျက်နှာဖုံးနဲ့ သူမရဲ့ပုံကို တွစ်တာပရိုဖိုင်ဓာတ်ပုံအဖြစ် ပြောင်းလဲခဲ့ပါတယ်။ ဗာဒီကိုယ်တိုင်လည်း ၎င်းရဲ့မျက်နှာဖုံးကို တပ်ဆင်ခဲ့တာ တွေ့ရပါတယ်။

play
ထိုင်ခုံများမှာ ထားရှိခဲ့သည့် ဗာဒီမျက်နှာဖုံးများ


အနီကတ်ကြောင့် သုံးပွဲပယ်ခံရတဲ့ ဗာဒီဟာ အဲဗာတန်၊ ဝက်စ်ဟမ်း၊ မစ်ဒယ်ဘရော့တို့နဲ့ ကစားရမယ့်ပွဲစဉ်တွေမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဘောက်ဆင်ဒေးနေ့ ပွဲစဉ်မှာ လက်စတာက အဲဗာတန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာကို ရောက်ရှိသွားပါတယ်။

play
အက်ဖ်အေဥက္ကဋ္ဌကို ဗာဒီမျက်နှာဖုံ့းဖြင့် တွေ့ရစဉ်


လက်စတာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး စပိန်ကလပ် ဆီဗီလာနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source & Photo:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ