EPL: သွင်းဖူးသမျှ ဂိုးများထဲတွင် အကောင်းဆုံးဂိုးလို့ ပြောတဲ့ မက်ခီတာယန်

မက်ခီတာယန်ရဲ့ ဂိုးကိုနည်းပြမော်ရင်ဟိုလည်း ချီးကျူးခဲ့ပါတယ်။

HENRIKH MKHITARYAN INCREDIBLE SCORPION GOAL

ယမန်နေ့ညက ဆန်းဒါးလန်းအသင်းနဲ့ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ ဖနောင့်နဲ့နောက်ပြန်သွင်းယူနိုင်ခဲ့တဲ့ ဂိုးဟာ မိမိသွင်းခဲ့ဖူးတဲ့ ဂိုးတွေထဲ အကောင်းဆုံးဂိုးတစ်ဂိုးဖြစ်တယ်လို့ မန်ယူကစားသမား မက်ခီတာယန်က ပြောကြားလိုက်ပါတယ်။

play

 

မန်ယူအသင်းဟာ မက်ခီတာယန်ရဲ့ တတိယသွင်းဂိုးအပါအဝင် ဆန်းဒါးလန်းအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ အီဘရာဟီမိုဗစ်ခ်ျရဲ့ ဖြတ်တင်ဘောကို ဂိုးအရှေ့မှာရှိနေတဲ့ မက်ခီတာယန်က ဖနောင့်နဲ့ချိတ်ပြီး သွင်းယူလိုက်နိုင်ခဲ့တာပါ။ ပွဲအပြီး နည်းပြမော်ရင်ဟိုကလည်း ဒီဂိုးဟာ သဘာဝလွန်ဂိုးတစ်ဂိုးဖြစ်တယ်လို့ ချီးကျူးပြောဆိုထားပါတယ်။ ပြိုင်ဘက်ဆန်းဒါးလန်းနည်းပြကတော့ မက်ခီတာယန်ရဲ့ဂိုးဟာ လူကျွံနေတယ်လို့ ဝေဖန်ထားပြီး တကယ်တမ်း ရုပ်သံအနှေးပြကွက်မှာလည်း လူကျွံနေခဲ့တာတွေ့ရပါတယ်။

play

 

" ဒီဂိုးက ခရစ္စမတ်ကာလ မျက်လှည့်တစ်ခုလိုပါပဲ။ ကျွန်တော်သွင်းဖူးသမျှ ဂိုးတွေထဲ အကောင်းဆုံး ဂိုးပါပဲ။ ဂိုးဝင်သွားတော့ ကျွန်တော် စည်းကြပ်ဒိုင်ကို လှမ်းကြည့်လိုက်တယ်။ ဂိုးပေးလိုက်တော့ ကျွန်တော်အောင်ပွဲခံနိုင်ခဲ့ပါတယ်" လို့ တတိယဂိုးရှင် မက်ခီတာယန်က ပြောခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ