EPL: နေစရာအိမ်မရှိတဲ့ ကိုယ်ဝန်ဆောင်ကို ကားတစ်စီးဝယ်ပေးမယ့် ပရီးမီးယားလိဂ် ဘောလုံးသမား

ကိုယ်ဝန်ဆောင်မိခင်အတွက် ယာယီနေစရာ အဆင်ပြေအောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။

play

 

နေစရာအိမ်မရှိတဲ့ ကိုယ်ဝန်ဆောင်ကို ကားတစ်စီးဝယ်ပေးမယ့် ပရီးမီးယားလိဂ် ဘောလုံးသမား အိမ်ခြေယာမဲ့ဖြစ်နေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးရဲ့ သတင်းကို ကြားသိရပြီးနောက် ဝက်စဘရွန်းအသင်း ဘောလုံးသမားက ကူညီပေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

လီဆာလို့ သိရတဲ့ အဆိုပါအိမ်ခြေရာမဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အိမ်တစ်အိမ်လို လှည့်လည်နေထိုင်နိုင်တဲ့ Caravan ကားတစ်စီးကို လက်ဆောင်ပေးဖို့ ဝက်စ်ဘရွန်းအသင်း ကစားသမား ဂျိမ်းစ်မက္ကလင်းက ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ သူ့ဇနီးသည်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပါတယ်။ ဂျိမ်းစ်က သူကိုယ်တိုင် ဖခင်တစ်ဦး ဖြစ်နေတဲ့အတွက် မွေးလာချိန်မှာ အိမ်မရှိဘဲနေရမယ့် ကလေးတွေမဖြစ်စေချင်တာကြောင့် ယာယီအဆင်ပြေအောင် ကူညီပေးတာဖြစ်ကြောင်း ပြောကြားထားပါတယ်။

သူမအနေနဲ့ နေစရာအိမ်တစ်ခု ရှာမတွေ့ခင်အချိန်အထိ ကလေးတွေနဲ့အတူ နေထိုင်တဲ့အခါ ဒီကားက အအေးဒဏ်က အတော်အသင့် ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းလည်း ဂျိမ်းစ်က ဆိုပါတယ်။ အဆိုပါအမျိုးသမီးရဲ့ ကိုယ်ဝန်ဟာ အမြွှာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြကြပါတယ်။

ယင်းကိုယ်ဝန်ဆောင်အမျိုးသမီးက သူမရဲ့ချစ်သူနဲ့အတူ မက်ဒ်ဝေးမြစ်နံဘေးမှာ နေထိုင်နေရတာဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ