EPL: ဘောလုံးအသင်း လှေတိမ်းမှောက်ပြီး လူပေါင်း ၃၀ ခန့်သေဆုံး

ခရစ္စမတ်ဘောလုံးပွဲ ကစားဖို့ ခရီးထွက်လာတဲ့ ဘောလုံးအသင်းရဲ့ လှေတိမ်းမှောက်ခဲ့တာပါ။

play

 

လူပေါင်း ၄၅ ဦးခန့်ကိုတင်ဆောင်လာတဲ့ ဘောလုံးအသင်းတစ်သင်းရဲ့ လှေတစ်စင်းဟာ ယူဂန်ဒါနိုင်ငံ အဲလ်ဘတ်ရေကန်အတွင်း တိမ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။

လှေတိမ်းမှောက်ပြီးနောက်မှာ လူပေါင်းသုံးဆယ်ဦးခန့် ရေနစ်သေဆုံးသွားခဲ့တယ်လို့ ယုံကြည်ရကြောင်း သတင်းတွေက ဆိုပါတယ်။ ကမ်းခြေနဲ့ မီတာတစ်ရာအကွာလောက်မှာ လှေတိမ်းမှောက်သွားခဲ့တာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့ ဘောလုံးသမားအချို့နဲ့ ပရိသတ် အချို့ဟာ ရေနစ်သေဆုံးတဲ့အထဲ ပါဝင်သွားခဲ့ပါတယ်။

play

 

ယူဂန်ဒါနိုင်ငံ ကာဝီဘန်ဒါကျေးရွာ ဘောလုံးအသင်းနဲ့ ပရိသတ်တွေဟာ အားလပ်ရက်ခရစ္စမတ်ကာလ ဘောလုံးပွဲကစားဖို့ လှေနဲ့ ခရီးထွက်လာခဲ့ကြတာဖြစ်ပါတယ်။ လှေပေါ်မှာ လူတွေအဆမတန် တင်လာတဲ့အပြင် လိုက်ပါလာသူအချို့ဟာ မူးယစ်နေခဲ့ကြတယ်လို့ သိရပါတယ်။လိုက်ပါလာသူအချို့က မူးယစ်ပြီးလှေရဲ့တစ်ဖက်ခြမ်းကို လူတွေစုပြုံရောက်ရှိသွားချိန်မှာ လှေတိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

play

 

ဒေသခံ ငါးဖမ်းသမားတွေနဲ့ အရာရှိတွေဘက်က လူအနည်းငယ်ကိုသာ ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ လောလောဆယ် သတင်းအရ လူပေါင်း ၁၅ ဦးကိုကယ်တင်နိုင်ထားပေမဲ့ သေဆုံးတဲ့အရေအတွက်ကိုတော့ မသိရသေးပါဘူး။

Source : Mirror

30 drown after boat carrying football team capsizes on Lake Albert
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ