EPL: မန်ယူအသင်းရဲ့ အိမ်ကွင်းနိုင်ပွဲစံချိန်ကို လိုက်မီသွားတဲ့ အာဆင်နယ်

ဂျီရုဒ်ရဲ့ခေါင်းတိုက်ဂိုးနဲ့ အနိုင်ရပြီးနောက် ဒီစံချိန်ရရှိခဲ့တာပါ။

play

 

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်း တင်ထားခဲ့တဲ့ အိမ်ကွင်း စံချိန်ကို အာဆင်နယ်အသင်း လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။

 

အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ မှာ တိုက်စစ်မှူး ဂျီရုဒ်ရဲ့ နောက်ကျခေါင်းတိုက်ဂိုးနဲ့ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအသင်းကို အနိုင်ရပြီးတဲ့နောက်မှာ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်နိုင်ပွဲ ၃၀၀ ပြည့်ကို ယူနိုင်တဲ့ ဒုတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။ အိမ်ကွင်းနိုင်ပွဲ သုံးရာပြည့်ကို ပထမဆုံးစံချိန်ယူထားနိုင်ခဲ့တဲ့ အသင်းက မန်ယူဖြစ်ပါတယ်။

 

 

ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အာဆင်နယ်အသင်း ပထမဆုံးအိမ်ကွင်းရှုံးပွဲကြုံခဲ့တဲ့ နောဝှစ်ခ်ျအသင်းကို ဖြစ်ပြီး ၁၉၉၂ ခုနှစ်တုန်းက ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောက်ဆင်ဒေးနေ့ ပွဲစဉ်မှာ ဝက်စ်ဘရွန်းကို အနိုင်ရပြီးတဲ့နောက်မှာ အာဆင်နယ်အသင်းအတွက် ဒီရာသီ အိမ်ကွင်းခြောက်ပွဲမြောက် နိုင်ပွဲဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ