EPL: ဘောက်ဆင်ဒေး ပရီးမီးယားလိဂ်ပွဲစဉ်များအပြီး လေ့လာစရာ အချက် (၅) ချက်

အသင်းကြီးတွေအားလုံး နိုင်ပွဲရခဲ့ကြတာဖြစ်ပါတယ်။

play

 

ဘောက်ဆင်ဒေးနေ့အပြီး ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ ပြီးဆုံးသွားချိန်မှာ ထူးခြားချက်က အသင်းကြီးအားလုံး နိုင်ပွဲရအောင် ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အမှတ်ပေးဇယား ထိပ်ဆုံးက ချယ်လ်ဆီးအသင်းက စလို့ အဆင့်-၆ နေရာမှာ ရပ်တည်နေတဲ့ မန်ယူအသင်းအထိ အားလုံးနိုင်ပွဲရခဲ့ကြပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီး ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ မရပ်တန့်နိုင်တော့တဲ့ ချယ်လ်ဆီး

play

 

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၁၂ ပွဲဆက်တိုက်နိုင်ပွဲကို အခက်အခဲမရှိယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒဏ်ရာကင်းစင်ပြီး အားလုံးခြေစွမ်းကောင်းနေတဲ့ ချယ်လ်ဆီးအသင်းမှာ ပက်ဒရိုရဲ့ခြေစွမ်းကောင်းမွန်မှုကိုပါ ထပ်ပြီးမြင်လိုက်ရလို့ ဖြစ်ပါတယ်။ ပက်ဒရိုဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်း လေးဂိုးသွင်းပြီး ငါးဂိုးဖန်တီးပေးထားတဲ့ ကစားသမား ဖြစ်လာခဲ့ပါပြီ။

၂။ မက်ခီတာယန်

play

 

မက်ခီတာယန်ရဲ့ သွင်းဂိုးတွေအကြောင်းဟာ ပြောမကုန်အောင်ဖြစ်ခဲ့ပါတယ်။ မန်ယူအသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်အတွက် မက်ခီတာယန် အတော်အချိန်ယူခဲ့ရပေမယ့် အခုတော့ ပြောစမှတ်ဖြစ်ရာအောင် ဂိုးတွေသွင်းယူနေတာဖြစ်ပါတယ်။ ဆန်းဒါးလန်းနဲ့ ပွဲစဉ်မှာ တကယ်ခြေစွမ်းပြခဲ့တာ အီဘရာဟီမိုဗစ်ခ်ျဖြစ်ပေမယ့် မက်ခီတာယန်သွင်းဂိုးဟာ ပြောစမှတ်ဖြစ်ခဲ့ပါတယ်။

၃။ ချန်ပီယံ လမ်းကြောင်းထဲ ဆက်ရှိနေဆဲ အာဆင်နယ်

play

 

မန်စီးတီးအသင်းကို ရှုံးနိမ့်ပြီးနောက် အာဆင်နယ်အသင်းဟာ ချန်ပီယံပြေးလမ်းကြောင်းထဲက ဖယ်ခွာသွားရတော့မယ်လို့ သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဝက်စ်ဘရွန်းကို ဘောက်ဆင်ဒေးပွဲစဉ်မှာ ဂျီရုဒ်ရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံလမ်းကြောင်းထဲ ဆက်ရှိနေနိုင်ခဲ့ပါတယ်။

၎။ အီဟွာနာချို ကယ်တင်ခဲ့တဲ့ မန်စီးတီး

play

 

မန်စီးတီးဟာ အဂူရိုမပါနိုင်ခဲ့ပေမယ့် အီဟွာနာချိုကိုလည်း ပွဲမထုတ်ခဲ့ပဲ ဒီဘရိုင်းကိုသာ တိုက်စစ်အတွက် အားကိုးခဲ့ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ အီဟွာနာချို ဝင်လာခဲ့ပြီး နောက်မှသာ ဟားလ်စီးတီးဘက်ကို ဂိုးတွေကန်သွင်းခွင့် ရခဲ့တာဖြစ်ပါတယ်။

၅။ ဂျီရုဒ်ပြန်လာပြီလား

play

 

အာဆင်နယ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းပေးနိုင်ခဲ့သူက ဂျီရုဒ်ဖြစ်ပါတယ်။ အသင်းအတွက် နိုင်ပွဲကို ဆန်းချက်ဇ်၊ အိုဇေးလ်တို့ မရှာပေးနိုင်ချိန်မှာ ဂျီရုဒ်က တိုက်စစ်မှူးရဲ့ တာဝန်ကို ယူပေးနိုင်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ