EPL: မော်ရင်ဟိုနှင့် လျှို့ဝှက်တွေ့ဆုံပြီး အကြံဥာဏ်များ ပေးခဲ့သည့် ဖာဂူဆန်

မော်ရင်ဟိုကလည်း အသင်းလေ့ကျင့်ကွင်း မကြာခဏလာလည်ဖို့ ဖာဂူဆန်ကို ဖိတ်ထားပါတယ်။

play

 

မန်ယူအသင်းနဲ့ ပထမဆုံး ရာသီမှာ အနည်းငယ် ရုန်းကန်နေရတဲ့ မော်ရင်ဟိုကို အရင်အသင်းတွေမှာ ရလဒ်ကောင်းခဲ့သလို ပြန်ကောင်းလာဖို့ နည်းပြဟောင်းဖာဂူဆန်က နှစ်ဦးချင်းတွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဂန္တဝင်နည်းပြအဲလက်စ်ဖာဂူဆန်နဲ့ မော်ရင်ဟိုတို့ နှစ်ဦးသား တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်မှာ ဖာဂူဆန်က ဒီလိုပြောခဲ့တာဖြစ်ကြောင်း ဗြိတိန်သတင်းဌာနတွေက ဖော်ပြနေတာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ အရင်ကိုင်တွယ်ခဲ့တဲ့ ချယ်လ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်အသင်းတွေမှာ ရလဒ်ကောင်းမွန်ခဲ့ပြီး ကိုယ့်ကိုကိုယ် စပါရှယ်ဝမ်းတစ်ဦးအဖြစ် ကြွေးကြော်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို စပါယ်ရှယ်ဝမ်းအဖြစ် ကြွေးကြော်နိုင်ခဲ့တုန်းကလို အောင်မြင်မှုတွေ မန်ယူအသင်းမှာ ပြန်ယူပြဖို့ဖာဂူဆန်က တိုက်တွန်းခဲ့တာဖြစ်တယ်လို့ သိရပါယ်။

play

 

ဖာဂူဆန်က မော်ရင်ဟိုကို ရလဒ်ပြန်ကောင်းအောင်လုပ်ဖို့ တိုက်တွန်းပြီးနောက်မှာ မော်ရင်ဟိုရဲ့ မန်ယူအသင်းက ဆန်းဒါးလန်းကို ၃-၁ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းဟာ အခုရလဒ်ပြန်ကောင်းနေပြီ ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ