EPL: လယ်လာနဲ့ ဖာမီနိုရဲ့ အောင်ပွဲခံပုံ လူမှုကွန်ယက်မှာ အလှောင်ခံနေရ

, updated

လီဗာပူးက စတုတ်စီးတီးကို အနိုင်ရတဲ့ပွဲစဉ်မှာ ဖြစ်ပွားခဲ့တာပါ။

play


စတုတ်စီးတီးအသင်းကို လီဗာပူးအသင်းက ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူးအသင်း ကစားသမားနှစ်ဦးဖြစ်တဲ့ လယ်လာနာနဲ့ ဖာမီနိုတို့ရဲ့ အောင်ပွဲခံပုံဟာ လူရယ်စရာ ဖြစ်ခဲ့ရပါတယ်။

play

 

လီဗာပူးအသင်းဟာ စတုတ်စီးတီးအသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် လယ်လာနာက ချေပဂိုးသွင်းပြီးတဲ့နောက် ဖာမီနိုကပါ ဦးဆောင်ဂိုး ပြန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အသင်းဒုတိယဂိုးအတွက် အောင်ပွဲခံချိန်မှာ ဖာမီနိုထံကို လယ်လာနာက အပြေးအလွှား ရောက်လာပြီး လူတစ်ကိုယ်လုံး ဖက်တက်လိုက်တဲ့ မြင်ကွင်းကို အမိအရ အမှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

play


လယ်လာနာရဲ့ ကိုယ်လုံးကို ကြာကြာ မြှောက်မထားနိုင်တဲ့အတွက် ဖာမီနိုနဲ့ လယ်လာနာတို့ နှစ်ဦးလုံး မှောက်ရက်သား မြက်ခင်းပြင်ပေါ် ကျသွားခဲ့တာပါ။ သူတို့နှစ်ဦးသား အောင်ပွဲခံပုံက Dirty Dancing ဇာတ်ကားထဲက ကကွက်တွေနဲ့ တူတယ်လို့ မှတ်ချက်ပေးသူတွေတောင် ရှိပါတယ်။ အချို့ကလည်း နပမ်းပွဲက တိုက်ကွက်တွေလို ဖြစ်နေတယ်လို့ နောင်ပြောင်ထားကြပါတယ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ