EPL: ၂၀၁၆ ခုနှစ်အတွင်း အီဘရာဟီမိုဗစ်ခ်ျထက် ဂိုးပိုသွင်းနိုင်သူ တစ်ဦးသာရှိ

အသက် ၃၅ နှစ်အရွယ် အီဘရာဟီမိုဗစ်ခ်ျက ၂၀၁၆ မှာ ဒုတိယဂိုးသွင်းအများဆုံး ဖြစ်ခဲ့ပါတယ်။

play

 

၂၀၁၆ ခုနှစ်အတွင်းမှာ ဥရောပထိပ်သီးလိဂ် ပြိုင်ပွဲတွေအတွင်း မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျထက် သွင်းဂိုးပိုများတဲ့ ကစားသမားဟာ  တစ်ဦးသာရှိခဲ့ကြောင်း သိရပါတယ်။

မန်ယူအသင်းက ဆန်းဒါးလန်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အီဘရာဟီမိုဗစ်ခ်ျက မန်ယူအသင်းအတွက် တစ်ဂိုးသွင်းပေးခဲ့ပြီး နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျရဲ့သွင်းဂိုးဟာ ၂၀၁၆ ခုနှစ်အတွင်း ဂိုးပေါင်း ၅၀ အထိ ရှိလာခဲ့ပြီလို့ သိရပါတယ်။ မန်ယူအသင်းအတွက် နောက်ဆုံးဆယ်ပွဲ ကစားပေးခဲ့ရာမှာ အီဘရာဟီုမိုဗစ်ခ်ျက ဂိုးပေါင်း ၁၄ ဂိုးရအောင် ကိုယ်တိုင်သွင်းယူသလို ဖန်တီးပေးမှုတွေလည်း ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

play

 

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ခ်ျဟာ ဂိုးပေါင်း ၅၀ သွင်းယူခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်အတွင်း ၅၁ ဂိုးသွင်းယူထားတဲ့ မက်ဆီထက် တစ်ဂိုးသာ လျော့နည်းခဲ့တာဖြစ်ပါတယ်။ မိုဗစ်ခ်ျက သူ့ကိုယ်သူ ဝိုင်အရက်နဲ့ တင်စားပြောဆိုထားပြီး အသက်ကြီးလေ ပိုကောင်းလေဆိုတဲ့ အဓိပ္ပာယ်မျိုး ပြောခဲ့ပါသေးတယ်။

Source : Mirror

Manchester United Vs Sunderland
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ