AD
AD
AD

ဇန်နဝါရီ အပြောင်းအရွှေ့ ကာလဟာ ရက်ပိုင်းအတွင်းမှာပဲ စတင်တော့မှာ ဖြစ်ပါတယ်။ ဒီအတာအတွင်းမှာပဲ အသင်းပြောင်းဖို့ သတင်းထွက်နေတဲ့ ထိပ်တန်းကစားသမားများစွာရှိပါတယ်။

မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ရာသီကုန်အောင်မစောင့်ဘဲ ဇန်နဝါရီမှာပဲ အသင်းကို အပြောင်းအလဲ လုပ်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဇန်နဝါရီမှာ မော်ရင်ဟို ရောင်းချဖွယ်ရှိတဲ့ ကစားသမား (၅) ဦးရှိပါတယ်။

၁။ ဒီပေး

play

 

အသက် ၂၂ နှစ်အရွယ် ဒီပေးကို ၂၀၁၅ မှာ ပေါင် ၂၅ သန်းနဲ့ခေါ်ခဲ့ပေမဲ့ အသင်းနဲ့ အံမဝင်ဖြစ်နေဆဲပါ။ ဒီရာသီမှာလည်း ဒီပေးဟာ မိနစ် ၂၀ သာကစားရပါသေးတယ်။ သူကတော့ အသင်းကထွက်ဖို့ အသေချာဆုံး ကစားသမားလို့ ဆိုနိုင်ပါတယ်။ အဲဗာတန်ကို ရောက်ဖို့ နီးစပ်နေသူပါ။

၂။ ဖယ်လေနီ

play

 

ဖယ်လေနီဟာလည်း အသင်းရဲ့ လူစားဝင် ကစားသမားအဖြစ် ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ စပါးကိုအနိုင်ရတဲ့ ပွဲစဉ်မှာတောင် ဖယ်လေနီဟာ အသင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတာပါ။ 

၃။ ရှဝိန်းစတိုင်ဂါ

play

 

မန်ယူအတွက် နည်းပြသစ် မော်ရင်ဟို ရောက်လာခဲ့ပြီးခါမှ ရှဝိန်းစတိုင်ဂါဟာပွဲထွက်ခွင့်  ရဖို့အတော်ကြာအောင် စောင့်စားလိုက်ရသူ ဖြစ်ပါတယ်။ အခု အသင်းရဲ့ အချို့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်နေပြီဖြစ်ပေမဲ့ မော်ရင်ဟိုဟာ အရင်ကတည်းက ရှဝိန်းစတိုင်ဂါကို အငှားသို့မဟုတ်အမြဲတမ်းစာချုပ်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။

၎။ ရှနိုက်ဒါလင်

play

 

မန်ယူကွင်းလယ်လူ ကာရစ်ရဲ့နေရာကိုအစားထိုးဖို့ ရှနိုက်ဒါလင်ကို ခေါ်ယူခဲ့တာပါ။ ဒါပေမဲ့ ရှနိုက်ဒါလင်ဟာ မန်ယူအသင်းနဲ့ အံဝင်ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ပေါင် ၂၅ သန်းတန်ဒီကစားသမားလည်း အသင်းကထွက်ခွာရဖို့ရှိပါတယ်။

၅။ မာရှယ်

play

 

မာရှယ်ကတော့ အသင်းပြောင်းဖို့ နောက်ဆုံး စာရင်းထဲ ဝင်လာတဲ့ ကစားသမားဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ လူငယ်ကောင်းဆုံး  ကစားသမားဆုကို ရရှိခဲ့တဲ့ ဒီကစားသမားဟာ ဒီရာသီမှာတော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ ဒီရာသီမှာ အဓိက ကစားသမားအဖြစ် မာရှယ်ကို အားကိုးလို့မရလောက်အောင်ကို မာရှယ်ဟာ ဂိုးပေါက်ပျောက်နေပြီး အီဘရာဟီမိုဗစ်ခ်ျကြောင့်လည်း အချို့ပွဲတွေမှာ ပွဲထွက်ခွင့် ဆုံးရှုံးနေရပါတယ်။

Source  : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD