EPL: ပြိုင်ဘက်မျက်နှာကို ကုတ်ခြစ်ခဲ့သည့် စပါးကစားသမား ပွဲပယ်ခံရဖွယ်ရှိ

အက်ဖ်အေက ထပ်မံစုံစမ်းစစ်ဆေးဖွယ်ရှိနေပါတယ်။

play

 

စပါးက ဆောက်သမ်တန်အသင်း ကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား မျက်လုံးကို လက်နဲ့ထိုးခဲ့တဲ့ စပါးကစားသမား ဗာတွန်ဂန်ဟာ ပွဲပယ်ခံရဖွယ် ရှိနေကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်မှာလည်း ဗာတွန်ဂန်ဟာ အဝါကတ်ပြခံခဲ့ရပြီးနောက် အဝါကတ်ငါးကြိမ် ပြည့်သွားတာကြောင့် လာမယ့်တနင်္ဂနွေနေ့ ပွဲစဉ်မှာ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဆောက်သမ်တန်ကစားသမား ရိုဒရီဂွက်ဇ်ရဲ့မျက်နှာကို ကုတ်ခြစ်ခဲ့တဲ့ ဖြစ်ရပ်ဟာ ရုပ်သံပြကွက်ကတဆင့်ဖမ်းယူထားတဲ့ ပုံရိပ်တွေမှာ ထင်ရှားနေခဲ့တာကြောင်း သာမန်ပွဲစဉ်အပြင် နောက်ထပ် ပွဲပယ်ကို ဗာတွန်ဂန် ခံစားရဖွယ် ရှိနေကြောင်း သိရပါတယ်။

play

 

ပြိုင်ဘက်ကို နာကျင်စေမယ့် ရည်ရွယ်ချက်နဲ့ တမင်ပြုလုပ်ကြောင်း ထင်ရှားမယ်ဆိုရင် ဗာတွန်ဂန်ဟာ သုံးပွဲလောက်ပွဲပယ်ခံရနိုင်ကြောင်း သိရပါတယ်။ စပါးအသင်းနည်းပြပိုချက်တီနိုကတော့ အဆိုပါဖြစ်ရပ်ကို မမြင်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ ဒီဖြစ်ရပ်အတွက် အက်ဖ်အေက အရေးမယူဘူးဆိုရင်လည်း ဗာတွန်ဂန်ဟာ နောက်ပွဲကို သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

Southampton vs Tottenham Hotspur 1-4
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ