EPL: ၂၀၁၆ ခုနှစ် အတွင်း ပရီးမီးယားလိဂ် အလှဆုံး (၅) ဂိုး

play

 

၂၀၁၆ ခုနှစ် မကုန်ခင်မှာပဲ ပရိသတ်တွေ မှတ်မှတ်ရရ ဖြစ်စေမယ့် ဂိုးကို မန်ယူအသင်းကစားသမား မက်ခီတာယန်က ဆန်းဒါးလန်းအသင်းဘက်ကို သွင်းယူပြလိုက်ပါတယ်။ ဒါပေမဲ့ မက်ခီတာယန် မတိုင်ခင် ၂၀၁၆ ခုနှစ်အတွင်း အလှဆုံး သွင်းဂိုးတွေ ပရီးမီးယားလိဂ်မှာ ရှိခဲ့ပါတယ်။

၂၀၁၆ အတွင်း အလှဆုံး ပရီးမီးယားလိဂ် သွင်းဂိုး (၅) ဂိုးကို ဖော်ပြပေးထားပါတယ်။

၁။ ဗာဒီ (လက်စတာ ၂-၀ လီဗာပူး)

 

၂၀၁၆ ခုနှစ်ဖေဖော်ဝါရီလအတွင်း လီဗာပူးဘက်ကို သွင်းတဲ့ဂိုးဟာ မှတ်မှတ်ရရဖြစ်ခဲ့ပါတယ်။ အသင်းဖော်မာရက်ဇ်က လီဗာပူးဂိုးရှေ့ တင်ပေးလိုက်တဲ့ ဘောလုံးကို ဗာဒီက တစ်ချက်စောင့်ပြီး အပြင်းကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

၂။ မက်ခီတာယန် (မန်ယူ ၃-၁ ဆန်းဒါးလန်း)

 

ဒီဇင်ဘာလအတွင်း ဘောက်ဆင်ဒေးနေ့ ပွဲစဉ်မှာ မက်ခီတာယန်က အသင်းအတွက် နောက်ဆုံးဂိုးကို နောက်ဖိနောင့်နဲ့ ချိတ်ပြီး သွင်းယူလိုက်တာ ဖြစ်ပါတယ်။

၃။ အယ်လီ ( ခရစ္စတယ်ပဲလေ့စ် ၁-၃ စပါး )

 

စပါးအသင်းအတွက် ဒုတိယဂိုးကို အယ်လ်က ဂိုးပေါက်ကို ကျောပေးရက် အနေအထားကနေ လှည့်ကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒီပွဲကို ဇန်နဝါရီလတုန်းက ကစားခဲ့တာပါ။

၎။ ပေယက် (ဝက်စ်ဟမ်း ၁-၁ မစ်ဒယ်ဘရော့ခ်ျ)

 

၂၀၁၆-၁၇ ဘောလုံးရာသီမှာပဲ မစ်ဒယ်ဘရော့ခ်ျဘက်ကို ပေယက်သွင်းယူခဲ့တဲ့ ဂိုးဖြစ်ပါတယ်။ မစ်ဒယ်ဘရော့ နောက်တန်း အားလုံးကို လိမ်ခေါက်ကျော်ဖြတ်ကာ သွင်းယူခဲ့တာဖြစ်ပါတယ်။

၅။ ဟာဇက် ( လီဗာပူး ၁-၁ ချယ်လ်ဆီး)

play

 

၂၀၁၅-၁၆ ဘောလုံးရာသီကုန်ခါနီး အန်ဖီးလ်ကွင်းမှာ ချယ်လ်ဆီးအသင်း ကစားသမား ဟာဇက်က ကွင်းလယ်လောက်ကနေ လီဗာပူးကစားသမားတွေကို လိမ်ခေါက်ကာ သွင်းယူခဲ့တဲ့ ဂိုးကိုတော့အကောင်းဆုံး နံပါတ်-၅ အဖြစ်သတ်မှတ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ