EPL: ခရစ္စမတ်မှာ ဇနီးသည်ကို ထူးထူးဆန်းဆန်း လက်ဆောင်ပေးခဲ့တဲ့ အီဘရာဟီမိုဗစ်ခ်ျ

အီဘရာဟီမိုဗစ်ခ်ျက ပိုက်ဆံမကုန်တဲ့လက်ဆောင်ကို ပေးခဲ့တာဖြစ်ပါတယ်။

FUNNY action IBRAHIMOVIC vs LINGARD !!!!!!!

မန်ယူအသင်းတိုက်စစ်မှူး အီဘရာဟီမိုဗစ်ခ်ျဟာ ကိုယ်တိုင်ဂိုးသွင်းပြီးအောင်ပွဲခံခဲ့တဲ့ ဓာတ်ပုံကို ဇနီးသည်ထံ ခရစ္စမတ်လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

play

 

လက်ရှိရာသီမှာ မန်ယူအသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေ သွင်းပေးနေတဲ့ အီဘရာဟီမိုဗစ်ခ်ျက ဇနီးသည်အတွက် ခရစ္စမတ်လက်ဆောင်ကို ခက်ခက်ခဲခဲမရှာခဲ့ရဘူးလို့ ဗြိတိန်သတင်းဌာနကတွေက ရေးသားကြပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဝက်စ်ဘရွန်းနဲ့ ပွဲစဉ်မှာ ဂိုးသွင်းအပြီး အသင်းဖော်လင်ဂတ်နဲ့အတူ အောင်ပွဲခံနေတဲ့ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ နာမည်ကျော်ခဲ့ပါသေးတယ်။ ဒီဓာတ်ပုံဟာ သာမန်အောင်ပွဲခံ ဓာတ်ပုံထက် အနည်းငယ်ထူးခြားနေတာကြောင့် အီဘရာဟီမိုဗစ်ခ်ျက သူ့ရဲ့ဇနီးကို ဓာတ်ပုံပေါင် သွင်းပြီး လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့ ယူဆရပါတယ်။

play

 

" အီဘရာက ဒီဓာတ်ပုံကို အတော်လေးသဘောကျနေခဲ့တာပါ။ မိန်းမိကို ခရစ္စမတ်လက်ဆောင်ပေးဖို့ အိမ်ယူသွားရမယ်လို့ သူပြောနေခဲ့တာပါ။ အဲဒီတုန်းက ခရစ္စမတ်မရောက်ခင် ရက်ပိုင်းလောက်ပဲ လိုတော့တာလေ။ ဒီတော့မခက်ခဲတဲ့ လက်ဆောင်ဖြစ်သွားတာပေါ့" လို့ အီဘရာဟီမိုဗစ်ခ်ျနဲ့ နီးစပ်သူတစ်ဦးပြောကြားချက်ကို ကိုးကားပြီး The Sun သတင်းစာက ရေးသားဖော်ပြခဲ့တာပါ။

play

 

မန်ယူအသင်းသားတစ်ချို့ကတော့ အီဘရာဟီုမိုဗစ်ခ်ျရဲ့ အူကြောင်ကြောင်လုပ်ရပ်ကို ရယ်မောကြပေမယ့် မိုဗစ်ခ်ျကတော့ ဒီကိစ္စအတွက် ရှက်စရာလို့ နည်းနည်းလေးမှ မထင်ခဲ့ဘူးလို့လည်း အဆိုပါသတင်းရင်းမြစ်က ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ