AD
AD
AD
play

 

မန်ယူက ရီးဒင်းအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီးမှာ ရှနိုက်ဒါလင်ဟာ အသင်းဖော်အချို့နဲ့အတူ မန်ချက်စတာမြို့အတွင်း ညစာထွက်စားခဲ့ကြောင်း သိရပါတယ်။

ဗြိတိန်မီဒီယာတွေကတော့ ရှနိုက်ဒါလင်ဟာ ဇန်နဝါရီမှာ အသင်းပြောင်းဖို့ သေချာနေပြီဖြစ်လို့ အသင်းဖော်တွေနဲ့အတူ နှုတ်ဆက်ညစာ စားပွဲ သွားရောက်စားသောက်ကြတာ ဖြစ်တယ်လို့သတင်းတွေက ဆိုပါတယ်။ အသင်းကစားသမား ရှနိုက်ဒါလင်ဟာ ကစားဖော် ဒီပေးနဲ့အတူ အသင်းပြောင်းဖို့ နည်းပြမော်ရင်ဟို ကိုယ်တိုင်ခွင့်ပြုထားပြီးသားဖြစ်ပါတယ်။ ရှနိုက်ဒါလင်ကို ပရီးမီးယားလိဂ် ကလပ်အဲဗာတန် အသင်းကခေါ်ယူချင်နေပေမယ့် မန်ယူအသင်က ပေါင်သန်း ၂၀ ကျော် ရရှိဖို့ မျှော်လင့်ထားကာ အဲဗာတန်ဘက်က တော့ ပေါင် ၁၈ သန်းခန့်သာ ပေးချေလိုနေတာဖြစ်ပါတယ်။

play

 

ရီးဒင်းန့ ကစားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာလည်း ရှနိုက်ဒါလင်ဟာ ၁၈ ယောက်ကစားသမား စာရင်းမှာ မပါဝင်ခဲ့ပါဘူး။ " အခြေအနေကတော့ အတူတူပါပဲ။ သူတို့နှစ်ဦးလုံးအတွက် သင့်တော်တဲ့ကမ်းလှမ်းမှုရှိလာရင် အသင်းကထွက်ခွင့်ပေးမှာပါ" လို့ မော်ရင်ဟို ကိုယ်တိုင် ပြောထားခဲ့ပြီးသား ဖြစ်ပါတယ်။

play

 

နှုတ်ဆက်ညစာ စားပွဲလို့ယူဆရတဲ့ အဆိုပါတွေ့ဆုံပွဲကို ဒါလေဘလင်းနဲ့အတူ မာတာ၊ ဒါမီယန်တို့လည်း လာရောက်ခဲ့ကြတာပါ။ ပြင်သစ်ကွင်းလယ်လူ ရှနိုက်ဒါလင်ကတော့သူ့ရဲ့ချစ်သူနဲ့အတူ ရောက်လာခဲ့တာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD