EPL: မန်ယူ ၂-၀ ဟားလ်စီးတီး ပွဲစဉ်မှာ သင်သတိမထားမိလိုက်တဲ့ အဖြစ်အပျက် (၅) ခု

မန်ယူအသင်းက ဗိုလ်လုပွဲ ရောက်ဖို့ နီးစပ်သွားပြီဖြစ်ပါတယ်။

 

လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့မှာ နည်းပြမော်ရင်ဟိုရဲ့ မန်ယူအသင်းက ဟားလ်စီးတီးအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲတက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ မာတာရဲ့ အဖွင့်ဂိုး မရခင်အထိ မော်ရင်ဟိုဟာ အသင်းရဲ့ ကစားပုံကို စိတ်ပျက်နေခဲ့ပုံရပေမယ့် မန်ယူအသင်းက မာတာ၊ ဖယ်လိုင်နီတို့ရဲ့ ဂိုးတွေနဲ့ အရေးကြီးတဲ့နိုင်ပွဲကို ရအောင်ယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ သင်တိမထားမိလိုက်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဟားလ်စီးတီး မချိုးဖျက်နိုင်သေးတဲ့ စံချိန်

play

 

ဟားလ်စီးတီးအသင်းဟာ အိုးထရက်ဖို့ဒ်မှာ မန်ယူအသင်း နောက်ဆုံးအနိုင်ယူခဲ့တုန်းက လက်ရှိအင်္ဂလန်ဘုရင်မကြီးတောင် ဘုရင်မဖြစ်မလာသေးပါဘူး။ အဲဒီတုန်းက အင်္ဂလန်ဝန်ကြီးချုပ်က ဝင်စတန်ချာချီဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာ မန်ယူကို အိမ်ကွင်းမှာ ဟားလ်စီးတီးနောက်ဆုံးအနိုင်ခဲ့တာဖြစ်ပါတယ်။

၂။ အစွမ်းကုန် ပြင်ဆင်ခဲ့တဲ့ မော်ရင်ဟို

play

 

မော်ရင်ဟိုဟာ လိဂ်ဖလားပွဲဖြစ်လို့ဆိုပြီး ဟားလ်စီးတီးကို လျှော့မတွက်သလို ဒီပြိုင်ပွဲကိုလည်း အလေးထားခဲ့ပုံရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ အက်ဖ်အေဖလား ပွဲစဉ်တုန်းက ပွဲထွက်စာရင်းလိုမဟုတ်တော့ပဲ ဒီဂီယာ၊ ပေါ့ဂ်ဘာ၊ မာတာ၊ မက်ခီတာယန်တို့ပါဝင်လာတွေ့ရပါတယ်။ မော်ရင်ဟိုက ချယ်လ်ဆီးကို ရောက်လာခါစမှာ လိဂ်ဖလားပထမဆုံး ယူခဲ့သလို အခုလည်း လိဂ်ဖလားချန်ပီယံဖြစ်ဖို့ နီးစပ်လာပါပြီ။

၃။ လယ်ထွန်စက် စပွန်ဆာ

play

 

ပွဲကစားနေစဉ်အတွင်း မန်ယူအသင်း ကွင်းဘေးမှာ Official Tractors of Manchester United ဆိုပြီး မကြာခဏစာတန်းပေါ်လာခဲ့တာ တွေ့ရမှာပါ။ မန်ယူအသင်းကို လယ်ထွန်စက်တွေ ထုတ်လုပ်တဲ့ ဂျပန်ကုမ္ပဏီတစ်ခုက စပွန်ဆာပေးထားတာဖြစ်ပါတယ်။ ခေတ်သစ်မော်ဒန် ဘောလုံးလောကဟာ စီးပွားရေးနဲ့ ပတ်သတ်လာရင် ဒီလိုပဲ ကြောင်တောင်တောင် နိုင်လေ့ရှိတယ်လို့ ပရိသတ်အချို့ကတော့ မှတ်ချက်ပါတယ်။

၎။ ပျောက်နေတဲ့ ဇလေတန်

play

 

ဇလေတန် မန်ယူပွဲမပါနိုင်တဲ့ နှစ်ပွဲရှိပြီဖြစ်ပါတယ်။ မန်ယူအသင်းအတွက် ဒီရာသီ ၁၈ ဂိုးသွင်းထားတဲ့ အီဘရာဟီမိုဗစ်ခ်ျက ကြံ့ခိုင်မှု မပြည့်ဝ ဖြစ်နေတယ်လို့ ဆိုပါတယ်။ လာမယ့် တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲအမီ ပြန်သက်သာလာမယ်လို့ မျှော်လင့်ရပါတယ်။

၅။ ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ မာတာ

play

 

ဒီနေ့ မန်ယူအသင်းမှာ အတောက်ပဆုံး ကစားနိုင်ခဲ့တာ မာတာဖြစ်ပါတယ်။ မာတာရဲ့ အလိမ်အခေါက်၊ အကျော်အဖြတ်တွေဟာ ဂိုးရလုနီးနီး အကြိမ်ကြိမ်ဖြစ်ခဲ့တာပါ။ ဂိုးရဖို့ ခက်နေချိန်မှာလည်း မာတာရဲ့ အဖွင့်ဂိုးက အသင်းအတွက် အရေးပါခဲ့ပါတယ်။ မာတာဟာ မန်ယူအတွက် ပရီးမီးယားလိဂ်မှာလည်း ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ