EPL: ရှနိုက်ဒါလင်အတွက် မန်ယူနှင့် အဲဗာတန် အပြောင်းအရွှေ့ သဘောတူညီမှုရ

၄၈ နာရီအတွင်း ရှနိုက်ဒါလင်က အဲဗာတန် ရောက်တော့မှာ ဖြစ်ပါတယ်။

play

 

မန်ယူအသင်းကစားသမား ရှနိုက်ဒါလင်ကို အဲဗာတန်ဘက်က ခေါ်ယူဖို့အတွက် နှစ်ဖက်အသင်းအကြား ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းနဲ့ သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။

play

 

လာမယ့် ၄၈ နာရီအတွင်း  ရှနိုက်ဒါလင်ကို အဲဗာတန်အသင်းက ဆေးစစ်တာတွေနဲ့ စာချုပ်အပြီးသတ်ချုပ်ဆိုတာတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်း ၂၂ သန်းဖြစ်ပေမယ့် ရှနိုက်ဒါလင်အတွက် မန်ယူအသင်းဘက်က ရမယ့်စုစုပေါင်း ငွေကြေးဟာ ပေါင် ၂၄ သန်းအထိ ရှိသွားနိုင်ပါတယ်။ တရားဝင်သတင်းထုတ်ပြန်ကြေညာချက် မရှိသေးပေမယ့် ယမန်နေ့ညက ကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ် သတင်းစာ ရှင်းလင်းပွဲမှာ မော်ရင်ဟိုက နှုတ်အားဖြင့်အတည်ပြုခဲ့တာဖြစ်ပါတယ်။

play
အဲဗာတန်နည်းပြ ရော်နယ်ကိုးလ်မန်း

 

" အခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။ မစ္စတာဝုဒ်ဝက်(အသင်းဒုဥက္ကဌ)က သိပ်မကြာခင်ကပဲ သတင်းပေးလာပါတယ်။ ရှနိုက်ဒါလင် အဲဗာတန်ကို ရောက်ဖို့ နီးစပ်နေပြီဆိုပြီး ပြောလာပါတယ်" လို့ မော်ရင်ဟိုက ပြောကြားခဲ့တာပါ။ ရှနိုက်ဒါလင် အဲဗာတန်အသင်းကို ပြောင်းတော့မယ့်အပေါ် ဝမ်းနည်း၊ ဝမ်းသာဖြစ်ရတယ်လို့ လည်း မော်ရင်ဟိုက ပြောပါတယ်။ ရှနိုက်ဒါလင်ကို ရာသီတစ်လျှောက်လုံး အသုံးပြုချင်ခဲ့တဲ့အချိန်မှာ ဒီလိုဖြစ်ခဲ့လို့ ဝမ်းနည်းရတာဖြစ်ပြီး တစ်ဖက်မှာ ရှနိုက်ဒါလင် ဖြစ်ချင်တာကို ရွေးချယ်ခွင့် ရခဲ့တဲ့အတွက် ဝမ်းသာရတယ်လို့ မော်ရင်ဟိုက ပြောခဲ့တာဖြစ်ပါတယ်။

လက်ရှိအဲဗာတန်အသင်းနည်းပြ ရော်နယ်ကိုးလ်မန်းဟာ ဆောက်သမ်တန်မှာတုန်းက ရှနိုက်ဒါလင်နဲ့အတူ ရှိခဲ့တဲ့ နည်းပြလည်း ဖြစ်ပါတယ်။ ရှနိုက်ဒါလင်ဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာ ပရီးမီးယားလိဂ်ပွဲ ၁၁ မိနစ်သာ ကစားရသေးသူ ဖြစ်ပါတယ်။

Source : Daily Mail

ရှနိုက်ဒါလင် အသင်းပြောင်းသင့်သည်ဟု ထင်ပါသလား»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ