EPL: တစ်ယောက်လျော့ မန်ယူကို ချယ်လ်ဆီးတစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရ

မန်ယူဘက်က ဟာရဲယားအနီကတ်နဲ့ ထွက်ခဲ့ရပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းက တစ်ယောက်ထွက်ခဲ့ရတဲ့ မန်ယူအသင်းကို  အနိုင်ရပြီး ဆီးမီးဖိုင်နယ်တက်သွားခဲ့ပါတယ်။

 

နည်းပြမော်ရင်ဟိုလက်ထက် မန်ယူအသင်းအနေနဲ့ ချယ်လ်ဆီးကို အသားစီးမရသေးသလို နောက်ဆုံး ၁၂ ပွဲဆက်တိုက် ချယ်လ်ဆီးကို တစ်ပွဲမှ မနိုင်ဘူးဆိုတဲ့စံချိန်လည်း အကြွေးတင်သွားခဲ့တာပါ။ တိုက်စစ်မှူးစစ်တစ်ဦးမှမပါဝင်နိုင်ဘူးလို့ သတင်းထွက်ခဲ့တဲ့ မန်ယူအသင်းဘက်မှာ ရက်ရှ်ဖို့ဒ်တစ်ဦးတော့ ပါဝင်ခဲ့ပြီး မက်ခီတာယန်း၊ အက်ရှ်လေယန်းတို့ကို ထည့်သွင်းကစားခဲ့တာပါ။ ချယ်လ်ဆီးအသင်းဘက်မှာတော့ ကော်စတာ၊ ဟာဇက်၊ ဝီလျံတို့ကို ထည့်သွင်းကစားခဲ့ပါတယ်။

အာဆင်နယ် - မန်စီးတီး ပွဲစဉ် ပါဝင်နေတဲ့ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်များ

play

 

ချယ်လ်ဆီးအသင်းက မန်ယူကို လူအားဖြင့်အသာစီးရတယ်ဆိုနိုင်ပေမယ့် သူတို့အသင်းထုံးစံအတိုင်း အမြင့်ဘောတွေနဲ့သာ အပေးအယူလုပ်ပြီး တိုက်စစ်ကို ထင်သလောက်ဖွင့်မကစားခဲ့တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျမပါတဲ့ မန်ယူအသင်းဟာ ကစားကွက်အားဖြင့် ချယ်လ်ဆီးရဲ့ အသာစီးရယူမှုကို ခံခဲ့ရတာတွေ့ရပါတယ်။

play

play
အနီကတ်ပြနေတဲ့ ကွင်းလယ်ဒိုင်

 

ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်းကစားသမား ဟာဇက်ကို ဖျက်ထုတ်ပုံကြမ်းလို့ဆိုပြီး မန်ယူအသင်းကွင်းလယ်လူ ဟာရဲယားအနီကတ်နဲ့ အထုတ်ခံလိုက်ရပါတယ်။ ဒီအတွက် မန်ယူအသင်းရဲ့ ကစားပုံဟာချယ်လ်ဆီးကို သိသိသာသာ ယှဉ်နိုင်မှု လျော့ကျသွားခဲ့ရပါတယ်။ ပထမပိုင်းမှာကတည်းက ချယ်လ်ဆီးအသင်းရဲ့ ဂိုးရနိုင်လောက်တဲ့ တိုက်စစ်ဆင်မှုတွေကို မန်ယူအသင်း လက်ခံရရှိနေတာဖြစ်ပြီး ဂိုးသမား ဒီဂီယာ ကာကွယ်ခဲ့ရတာပါ။

play
ကန်တေရဲ့ အနိုင်ဂိုး
play

 

ဒုတိယပိုင်း ၅၁ မိနစ်မှာ ချယ်လ်ဆီးအသင်း အတွက်အရေးပါတဲ့ အနိုင်ဂိုးကို မထင်မှတ်တဲ့အနေအထားကနေ သွင်းယူရရှိသွားပါတယ်။ ဂိုးဧရိယာထိပ်မှာ မော့ဆက်က ကွင်းလယ်လူ ကန်တေကို ဘောလုံးပေးခဲ့ပြီး ကန်တေက ဂိုးဧရိယာထဲ ဝင်ဖို့ခက်တဲ့အတွက် ဘောလုံးတစ်ချက်တို့ကာ ဂိုးတိုင်ထောင့်ကို ကန်သွင်းယူလိုက်တာဖြစ်ပါတယ။် ဒီဂီယာလည်း လက်လှမ်းမမီတော့တဲ့အတွက် ဘာမှမတက်နိုင်ခဲ့ပါဘူး။

play
မော်ရင်ဟိုနဲ့ ကွန်တီရဲ့ ရန်ပွဲ

 

မန်ယူအသင်းဟာ ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဒီဘောလုံးရာသီမှာ ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးပွဲဖြစ်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ