EPL: အာဆင်နယ် - မန်စီးတီး ပွဲစဉ် ပါဝင်နေတဲ့ အက်ဖ်အေဖလား ဆီးမီးဖိုင်နယ်များ

နောက်ဆုံးလေးသင်းသာကျန်ရာမှာ လန်ဒန်မြို့ခံအသင်း သုံးသင်းပါနေပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်တွေပြီးဆုံးသွားပြီးနောက် ဆီမီးဖိုင်နယ်ပွဲစဉ်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

မန်ယူကို အနိုင်ယူပြီးနောက်တဆင့်တက်သွားတဲ့ချယ်လ်ဆီးအသင်းက လန်ဒန်မြို့ခံ ပြိုင်ဘက်စပါးအသင်းနဲ့ ကစားရတော့မှာဖြစ်ပါတယ်။ လင်ကွန်းအသင်းကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်လာတဲ့ အာဆင်နယ်အသင်းက မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲရောက်ဖို့ လက်တစ်ကမ်းသာ လိုတော့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ ကစားခွင့်ရတဲ့ လေးသင်းထဲမှာ သုံးသင်းက လန်ဒန်ကလပ်တွေဖြစ်နေတာ မန်စီးတီး တစ်သင်းသာ မန်ချက်စတာမြို့ခံအသင်းအဖြစ် ဆက်လက်ကျန်ရှိနေပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာပြီဖြစ်လို့ ပြိုင်ပွဲရဲ့ ထုံးစံအတိုင်း ဝင်ဘာလထောင်စုနှစ်ဘောလုံးကွင်းကြီးမှာ ကစားကြရမှာဖြစ်ပါတယ်။

play

 

လာမယ့် ဧပြီလ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့မှာ ဆီမီးဖိုင်နယ်ပွဲစဉ်ကို နှစ်ပွဲခွဲကျင်းပသွားမှာ ဖြစ်တယ်လို သိရပါတယ်။ ချယ်ဆီးနဲ့ စပါး၊ မန်စီးတီးနဲ့အာဆင်နယ်ပွဲစဉ်တွေထဲက ဘယ်ပွဲစဉ်ကို အရင်ကစားမယ်ဆိုတာတော့ မသိရသေးပါဘူး။ မန်စီးတီးအသင်းဟာ ၂၀၁၁ ခုနှစ်မှာ ဒီအက်ဖ်အေဖလားရပြီးနောက်ပိုင်း နောက်ထပ်ချန်ပီယံဖြစ်လာခြင်းမရှိသေးပါဘူး။

တစ်ယောက်လျော့ မန်ယူကို ချယ်လ်ဆီးတစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရ

play

 

အာဆင်နယ်အသင်းကတော့ အက်ဖ်အေဖလားကို ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ နှစ်နှစ်ဆက်တိုက် ရခဲ့တဲ့ အသင်းဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်ရောက်အသင်းတွေထဲမှာ ဖိအားအများဆုံးနည်းပြဖြစ်တဲ့ အာစင်ဝင်းဂါးအတွက် ထွက်ပေါက်ရနိုင်စရာ ဖလားမျှော်လင့်ချက်လို့လည်း ဆိုနိုင်ပါတယ်။ အာဆင်နယ်အသင်းရဲ့လန်ဒန်မြို့ခံပြိုင်ဘက် စပါးအသင်းအတွက်လည်း လိုချင်စရာဖလားတစ်လုံးဖြစ်ပါတယ်။

စပါးအသင်းဟာ အက်ဖ်အေဖလားနဲ့ဝေးကွာနေခဲ့တာ ၂၆ နှစ်ကြာမြင့်ခဲ့ပါပြီ။

 

ပွဲစဉ်များ

ချယ်လ်ဆီး - တော်တင်ဟမ်စပါး

အာဆင်နယ် - မန်စီးတီး

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ