EPL: " ခင်ဗျားက စပယ်ရှယ်ဝမ်းမဟုတ်တော့ဘူး" ဆိုတဲ့ ချယ်လ်ဆီးပရိသတ်တွေကို မော်ရင်ဟို ဘယ်လိုတုန့်ပြန်သလဲ

မော်ရင်ဟိုက ငြိမ်မနေပဲ ပရိသတ်တွေကို တုန့်ပြန်လိုက်ပါတယ်။

ချယ်လ်ဆီးက မန်ယူအသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ နည်းပြမော်ရင်ဟိုနဲ့ ချယ်လ်ဆီးပရိသတ်တွေအကြား အပြန်အလှန် တုန့်ပြန်မှုအချို့ဖြစ်ပွားခဲ့ပါတယ်။

မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ ချယ်လ်ဆီးပရိသတ်တွေရဲ့ အော်ဟစ်ကြွေးကြော်မှုကို တုန့်ပြန်ခဲ့တဲ့အပြင် ပြိုင်ဘက်နည်းပြကွန်တီနဲ့လည်း အချေအတင်စကားများခဲ့ပါသေးတယ်။ ပွဲကစားချိန်အတွင်း အရန်ခုံ နောက်ဘက်တန်း ချယ်လ်ဆီးအသင်း ပရိသတ်တွေရှိရာဘက်က မော်ရင်ဟိုကို ဝေဖန်ကာအော်ဟစ်ကြွေးကြော်နေခဲ့ကြတာဖြစ်ပြီး မော်ရင်ဟိုကလည်း ချက်ခြင်းတုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

play

 

F*** Off မော်ရင်ဟိုလို့ ပရိသတ်တွေဘက်က သံပြိုင်အော်ဟစ်ခဲ့ကြတဲ့အချိန်မှာ မော်ရင်ဟိုက ပရိသတ်တွေဘက်ကို လက်သုံးချောင်းထောင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  ပရိသတ်တွေဘက်က အော်ဟစ်တာမရပ်တဲ့ အချိန်မှာ မော်ရင်ဟိုက နောက်ထပ်လက်သုံးချောင်းထောင်ပြခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြဟောင်း မော်ရင်ဟိုက ချယ်လ်ဆီးအသင်းအတွက် သူယူပေးခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား သုံးလုံးရှိတယ်ဆိုတဲ့ အဓိပါယ်နဲ့ လက်သုံးချောင်း ထောင်ပြခဲ့တာဖြစ်ပါတယ်။

 

မော်ရင်ဟို လက်သုံးချောင်းထောင်ပြခဲ့ပြီးနောက် ပရိသတ်တွေဘက်ကလည်း " အဲဒါတွေအကုန်လုံး ခင်ဗျားရဲ့ အမှားပဲ" ဆိုပြီး ဒေါသတကြီး အော်ဟစ်ခဲ့ကြပါတယ်။ " ခင်ဗျားက စပါယ်ရှယ်ဝမ်းနည်းပြတစ်ယောက် မဟုတ်တော့ဘူး" လို့လည်း ပရိသတ်တွေထဲက အော်ဟစ်သံတွေ ထွက်လာခဲ့ပါတယ်။ မော်ရင်ဟိုက ပြိုင်ဘက်အသင်း ပရိသတ်တွေနဲ့ ဒီလိုအငြင်းပွားခဲ့သလို ပြိုင်ဘက်နည်းပြ ကွန်တီနဲ့လည်း အငြင်းပွားခဲ့ပါတယ်။

play

 

ပွဲကစားချိန်အတွင်း မန်ယူအသင်းကစားသမားဗလန်စီယာက ပြိုင်ဘက်ကစားသမား အလွန်ဆိုကို ကစားပုံအနည်းငယ် ကြမ်းတမ်းသွားတဲ့အချိန်မှာ ကွင်းဘေးမှာရှိတဲ့ နည်းပြကွန်တီက စတုတ္ထဒိုင်လူကြီးကို စောဒကတက်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုကလည်း စောဒကပြန်တက်ခဲ့တဲ့အတွက် ကွန်တီနဲ့ မော်ရင်ဟိုအကြား အချေအတင် စကားများခဲ့ကြတာပါ။ ဒီနည်းပြနှစ်ဦးဟာ လက်ရှိဘောလုံးရာသီ ပရီးမီးယားလိဂ် ပထမဆုံးတွေ့ဆုံတဲ့ပွဲမှာလည်း နှစ်ဖက်အချေအတင် စကားများခဲ့ကြပြီးပြီဖြစ်ပါတယ်။

 

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ