EPL: ဟာဇက်ကို မန်ယူနောက်ခံလူ ရိုဟို တက်နင်းခဲ့သလား

ကွင်းလယ်ဒိုင်ကတော့ အရေးမယူခဲ့ပါဘူး။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချယ်လ်ဆီးကစားသမား ဟာဇက်ကို မန်ယူကစားသမား ရိုဟိုတက်နင်းခဲ့ကြောင်း ဓာတ်ပုံတွေထွက်လာခဲ့လို့ ရိုဟိုဟာပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

play

 

မန်ယူအသင်းနောက်ခံကစားသမား ရိုဟိုဟာ အဆိုပါပွဲစဉ်မှာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ကော်စတာနဲ့လည်း ဘောလုံးရင်ဆိုင်လုရင်း ငြိစွန်းခဲ့သလို၊ ဟာဇက်နဲ့လည်း အခုလို အငြင်းပွားဖွယ်ရာ ဖြစ်ရပ်ဖြစ်ခဲ့ရပါတယ်။ ချယ်လ်ဆီးက မန်ယူအသင်းကို ကန်တေရဲ့တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်အတွင်း နောက်ခံကစားသမား ရိုဟိုဟာ အငြင်းပွားဖွယ်ရာ လုပ်ရပ်တွေကြောင့် ကွင်းလယ်ဒိုင်ရဲ့အရေးယူမှုကိုတော့ မခံခဲ့ရပါဘူး။

play

 

ဒါပေမယ့် အက်ဖ်အေ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပြန်လည်သုံးသပ်ပြီး ရိုဟိုဟာ ရည်ရွယ်ချက်ရှိရှိ ပြိုင်ဘက်ကို တက်နင်းကြောင်း ပေါ်ပေါက်လာမယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။ ဟာဇက်က ဘောလုံးဆွဲပြေးရာမှာ  ရိုဟိုက နောက်ကလိုက်လံဟန့်တားရင်း ရှေ့ကလဲကျသွားတဲ့ ဟာဇက်အပေါ်ကို တက်နင်းလိုက်လို ဖြစ်ခဲ့တာပါ။

play
ကော်စတာနှင့်ရိုဟို ထိပ်တိုက်တွေ့စဉ်

 

ပြီးခဲ့တဲ့ မန်ယူနဲ့ ဘုန်းမောက်အသင်းပွဲစဉ်မှာတော့ အီဘရာဟီမိုဗစ်ခ်ျခေါင်းကိုတက်နင်းခဲ့တဲ့ ဘုန်းမောက်ကစားသမား တိုင်ရွန်မင်းစ်ကိုတော့ အက်ဖ်အေဘက်က ငါးပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ ရိုဟိုလည်း ဟာဇက်ကို တမင်တက်နင်းခဲ့ကြောင်း အက်ဖ်အေဘက်က ဆုံးဖြတ်မယ်ဆိုရင် ငါးပွဲပယ်ပြစ်ဒဏ်ကို ကျခံရဖွယ်ရှိနေပါတယ်။

 

မော်ရင်ဟိုဟာ ဒီပွဲစဉ်မှာ ဟာရဲယားကို အနီကတ်နဲ့ ဆုံးရှုံးလိုက်ရတဲ့အတွက် နောက်ပွဲစဉ်မှာ ထည့်သွင်းကစားနိုင်တော့မှာ မဟုတ်ပါဘူး။ မန်ယူအသင်းကစားသမား ဗလန်စီယာလည်း ချယ်လ်ဆီးကစားသမား ကန်တေကို ဖျက်ထုတ်ရာမှာ ခြေစုံပစ်ဝင်ခဲ့ပေမယ့် အရေးယူခံရမယ့်အရေးကလွတ်မြောက်ခဲ့ပါတယ်။

 

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ