EPL: လက်စတာ နောက်တဆင့်တက်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှ သင်ခန်းစာ (၅) ခု

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို လက်စတာရောက်သွားခဲ့ပါပြီ။

မနှစ်က ပရီးမီးယားလိဂ်မှာ အိပ်ယာဝင်ပုံပြင်ဆန်ဆန် လုပ်ပြခဲ့တဲ့ လက်စတာအသင်းဟာ အခုလည်း ချန်ပီယံလိဂ်မှာ ဒီဇာတ်လမ်းကို ဖန်တီးနေပြန်ပါပြီ။

ယမန်နေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ဆီဗီးလ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ယူပြီးတဲ့နောက် လက်စတာဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲအပြီးရလာတဲ့ သင်ခန်းစာ (၅) ခုရှိပါတယ်။

၁။ အကူအညီရခဲ့တဲ့ ဒူဘိုင်းခရီးစဉ်

play

 

ပြီးခဲ့တဲ့ တစ်ပတ်ကျော်မှာ လက်စတာက ဟားလ်စီးတီးနဲ့ ပွဲစဉ်ပြီးသွားတဲ့နောက်မှာ ဒူဘိုင်းကိုလေးရက်ကြာခရီးထွက်ပြီး အပေါ့စားလေ့ကျင့်မှုတွေသာ ပြုလုပ်ခဲ့ပါတယ်။ လက်စတာဟာ ဒီပွဲမကစားခင် ဆယ်ရက်လောက်အနားရခဲ့တယ်လို့ သိရပြီး အင်အားအပြည့်နဲ့ ဆီဗီးလ်အသင်းကို ရင်ဆိုင်ခဲ့တာဟာ ဒီအဖြေထွက်လာခဲ့တာဖြစ်ပါတယ်။

၂။ ရေနီယာရီကို သတိရနေကြဆဲ

play

 

အသင်းက ထုတ်လိုက်တဲ့ နည်းပြရေနီယာရီကို ပရိသတ်တွေ သတိရနေကြဆဲပါ။ " ငါတို့တွေအခု ဥရောပပြိုင်ပွဲ ခရီးဆက်နေကြပြီလေ။ ဒီလီ၊ ဒီလီ၊ ဒင်းဒေါင်" ဆိုပြီး ရေနီယာရီက ကမနှစ်က သီချင်းလုပ်ဆိုခဲ့ဖူးပါတယ်။ အခု အဲဒီသီချင်းကိုပရိသတ်တွေက သံပြိုင်ဟစ်ကြွေးခဲ့ကြတာပါ။ မနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့ အတိုင်းဒီပွဲမှာလည်းပရိသတ်တွေနဲ့ အသင်းကစားသမားတွေရဲ့ ပုံစံဟောင်းကို ပြန်မြင်တွေ့ခဲ့ကြရပါတယ်။

၃။ ဗာဒီပြန်လာပြီ

play

 

ဒီပွဲမှာ တိုက်စစ်မှူး ဗာဒီ ဂိုးတော့မသွင်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မနှစ်က ဗာဒီရဲ့ ပုံစံမျိုးကို ဒီနေ့ပွဲ ပြန်တွေ့ခဲ့ကြရပါတယ်။ ရှေ့လယ်နောက် ဆင်းကစားပြီး အသင်းကို အစွမ်းကုန်ကူညီပေးခဲ့တာဖြစ်ပါတယ်။ ဆီဗီးလ်ကစားသမား နာဆရီနဲ့ ဗာဒီ ငြိစွန်းကာ နာဆရီလည်း အနီကတ်နဲ့ထွက်သွားခဲ့ရပါတယ်။ မနှစ်က ဗာဒီကို ပရိသတ်တွေပြန်မြင်ခဲ့ကြရတယ်လို့ မီဒီယာတွေက ချီးကျူးထားပါတယ်။

 

၎။ ဆီဗီးလ်အသင်းရဲ့ စံချိန်အဆုံးသတ်

play
နာဆရီ အထုတ်ခံရစဉ်

 

ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဆီဗီးလ်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ သုံးနှစ်ဆက်တိုက်ချန်ပီယံဖြစ်ခဲ့ပြီးနောက် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ရောက်လာပြီး လက်စတာနဲ့အတွေ့မှာ လက်ပြနှုတ်ဆက်လိုက်ရပါတယ်။ ဥရောပပြိုင်ပွဲတွေမှာ ဆီဗီးလ်အသင်းရဲ့ စံချိန် အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

၅။ ရှိတ်စပီးယားရဲ့ ရာနှုန်းပြည့်နိုင်ပွဲ

play

 

လက်စတာအသင်းရဲ့ ယာယီနည်းပြ ရှိတ်စပီးယားဟာ အသင်းကိုကိုင်တွယ်တဲ့လေးပွဲမှာ လေးပွဲစလုံး အနိုင်ရအောင်စွမ်းဆောင်ခဲ့ပြီးပြီဖြစ်ပါတယ်။ ဒါဟာရာနှုန်းပြည့်နိုင်ပွဲပါပဲ။ ရှိတ်စပီးယားလက်ထက်မှာ လက်စတာရဲ့ ပုံစံဟာ ချက်ခြင်းကို ပြောင်းလဲသွားခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ