EPL: အဲဗာတန်နှင့် စာချုပ်မချုပ်တော့မည့် လူကာကူကို မန်ယူနှင့်ချယ်လ်ဆီးစောင့်ကြည့်နေ

လူကာကူက စာချုပ်သစ်ကို ငြင်းလိုက်ပါတယ်။

အဲဗာတန်အသင်းတိုက်စစ်ကစားသမား လူကာကူက အသင်းဘက်က ကမ်းလှမ်းလိုက်တဲ့ စာချုပ်ကို ပယ်ချလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။

play

 

လူကာကူကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ အသင်းတွေထဲမှာ အသင်းဟောင်းချယ်လ်ဆီးက ထိပ်ဆုံးကဖြစ်ပြီး အခြားဥရောပ ထိပ်သီးတွေလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြကြပါတယ်။ တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းသုံးသောင်းပေးပြီး အဲဗာတန်အသင်းဘက်က စာချုပ်သစ်ကမ်းလှမ်းထားပေမယ့် လူကာကူဘက်က ငြင်းဆန်ခဲ့တာဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင်ရတဲ့အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် ၁၉ ဂိုးသွင်းယူထားပြီး လက်ရှိပရီးမီးယားလိဂ် ထိပ်သီးပူးတွဲဂိုးသွင်းရှင်ဖြစ်နေတဲ့ လူကာကို အသင်းဟောင်းချယ်လ်ဆီးအသင်းအပြင် မန်ယူအသင်းကပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတာလို့ သိရပါတယ်။

play

 

စာချုပ်သစ်ထပ်မချုပ်ဖို့ လူကာကူ ဆုံးဖြတ်လိုက်တာဟာ အဲဗာတန်အသင်းအတွက်တော့ ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ လူကာကူရဲ့သွင်းဂိုးက အသင်းအတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးရှိသွားပြီဖြစ်ပါတယ်။ ၁၉၈၅-၈၆ ဘောလုံးရာသီမှာ အဲဗာတန်ကစားသမား ဂယ်ရီလိုင်နီကာက တစ်ရာသီတည်း ၂၅ ဂိုးပြည့်အောင်သွင်းနိုင်ခဲ့သူ ဖြစ်ခဲ့ပြီး သူ့နောက်ပိုင်းမှာ အဲဗာတန်အတွက် တစ်ရာသီတည်း ၂၅ ဂိုးပြည့်အောင် သွင်းနိုင်ခဲ့သူ မရှိခဲ့ပါဘူး။ အခုတော့ လူကာကူက ဒီစံချိန်ကို ချိုးလိုက်ပြီဖြစ်ပါတယ်။

 

လူကာကူရဲ့အေးဂျင့်ဖြစ်သူ ရေးအိုလာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကပဲ လူကာကူနဲ့ အသင်းစာချုပ်သစ်ချုပ်ဖို့ သဘောတူညီမှု ရထားပြီးပြီးလို့ ပြောထားခဲ့ပေမယ့်အခုတော့ သူ့ရဲ့စကားအတိုင်းဖြစ်မလာခဲ့ပါဘူး။ အေးဂျင့်ရေးအိုလာဟာ မန်ယူကစားသမားပေါ့ဂ်ဘာရဲ့ အေးဂျင့်လည်းဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ