EPL: ရော့စတော့နဲ့ ပွဲမတိုင်ခင် လူစာရင်းအပြောင်းအလဲ ဖြစ်သွားတဲ့မန်ယူ

ကစားသမားအချို့ ပြန်ပါလာနိုင်ပါပြီ။

ရော့စတော့ဗ်အသင်းနဲ့ ကစားမယ့် ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဘက်က လူစာရင်းအနည်းငယ် အပြောင်းအလဲ ရှိတယ်လို့ သိရပါတယ်။

play

 

ချယ်လ်ဆီးအသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်ကိုလွဲချော်ခဲ့တဲ့ တိုက်စစ်မှူး မာရှယ်နဲ့  ရွန်နေးကတော့ ဒီပွဲကိုလည်း ဆက်ပြီးလွဲချော်ဦးမယ်လို့သိရပါတယ်။ ဒါပေမယ့် အီဘရာဟီမိုဗစ်ခ်ျတော့ ဒီပွဲပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျဟာ ဘုန်းမောက်အသင်းနဲ့ ပွဲစဉ်အပြီး ကျခဲ့ရတဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပြည်တွင်းဖလားပြိုင်ပွဲဖြစ်တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ခ်ျ၊ ရွန်နေး၊ မာရှယ်တို့ မပါဝင်နိုင်ခဲ့တဲ့ မန်ယူအသင်းဟာ ချယ်လ်ဆီးကို အက်ဖ်အေဖလားပြိုင်ပွဲမှာ ရက်ရှ်ဖို့ဒ်၊ မက်ခီတာယန်း၊ အက်ရှ်လေယန်းတို့နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

play

 

" တနင်္လာနေ့ညက ကစားတဲ့ပွဲမှာ ဒဏ်ရာရနေခဲ့ကြတယ်။ အဲဒီနောက် အင်္ဂါနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ မပါနိုင်ခဲ့ကြဘူး။ အင်္ဂါနေ့လေ့ကျင့်ရေးအစီအစဉ်မှာ မပါနိုင်ရင်တော့ ကြာသပတေးနေ့ ကစားမယ့်ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့ပါဘူး" လို့ တိုက်စစ်မှူး မာရှယ် ဒီပွဲလွဲချော်မယ့်အကြောင်း မော်ရင်ဟိုက ပြောခဲ့ပါတယ်။ " ရွန်နေးလည်း ဒဏ်ရာရနေဆဲပါ။ ဒူးဒဏ်ရာပေါ့။ သူကအခု ဆေးကုသတဲ့အဆောင်မှာပဲ ရှိသေးတယ်" လို့ မော်ရင်ဟိုက ထပ်ပြီး ပြောပါတယ်။

play

 

ဇလေတန်ပြန်လည်ပါဝင်လာမှာဖြစ်တာကြောင့် အသင်းအတွက် အားရှိတယ်လို့ မော်ရင်ဟိုက ကဆက်ပြောခဲ့တာပါ။ " ဇလေတန်ပြန်ပါနိုင်ပြီလေ။ အားသာချက်ဖြစ်သွားတာပေါ့။ ဒါပေမယ့် ဇလေတန်မပါနိုင်လို့လည်း ပြီးခဲ့တဲ့ ပွဲတွေမှာ  ကျွန်တော်တို့အသင်း ရှုံ့မဲ့မနေပါဘူး" လို့ မော်ရင်ဟိုက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

Source : Daily Mail

မန်ယူ ယူရိုပါလိဂ် ဘယ်အဆင့်ရောက်မယ်ထင်လဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ