EPL: ပေါ့ဂ်ဘာကို မနာလိုမှုများကြောင့် ဝေဖန်နေကြဟု မော်ရင်ဟိုတုန့်ပြန်

ပေါ့ဂ်ဘာဘက်က ကာကွယ်ပြောကြားလိုက်ပါတယ်။

ခြေစွမ်းမပြနိုင်လို့ ဝေဖန်ခံနေရတဲ့ ပေါ့ဂ်ဘာဘက်ကက နည်းပြမော်ရင်ဟို ကာကွယ်ပြောကြေားလိုက်ပါတယ်။

ပေါ့ဂ်ဘာကို ပြင်းပြင်းထန်ထန်ဝေဖန်နေကြခြင်းဟာ ပေါ့ဂ်ဘာရရှိနေတဲ့များပြားတဲ့လစာငွေကြောင့်ဖြစ်ပြီး တစ်ကမ္ဘာလုံးက ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးကိုကြည့်ကာ တန်ဖိုးဖြတ်နေကြတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မိမိနဲ့ မန်ယူအသင်းဘက်ကတော့ ပေါ့ဂ်ဘာရဲ့ခြေစွမ်းနဲ့ ပင်ကိုယ်စရိုက်အတွက် ကျေနပ်အားရမိကြောင်း မော်ရင်ဟိုက ယူရိုပါလိဂ်သတင်းစာရှင်းလင်းမှာ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္လာနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ ပေါ့ဂ်ဘာဟာ အများကျေနပ်အောင်ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာ ပေါ့ဂ်ဘာနဲ့ နှိုင်းယှဉ်စောင့်ကြည့်ခံရတဲ့ ချယ်လ်ဆီးကွင်းလယ်ကစားသမား ကန်တေက ခြေစွမ်းပြပြီးအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ပေါ့ဂ်ဘာအပေါ် ဝေဖန်မှုတွေဟာ ပိုပြီးပြင်းထန်နေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာကို လေးစားမှုပြဖို့လိုကြောင်းနဲ့ ပြောင်းရွှေ့ကြေးများပြားတာရယ်၊ လုပ်ခလစာများတာတွေရယ်ဟာ သူ့ရဲ့အမှားမဟုတ်ကြောင်း မော်ရင်ဟိုက ရှင်းပြခဲ့ပါတယ်။

play

 

" တန်ဖိုးထားမှုတွေ ဆုံးရှုံးနေပြီး မနာလိုခြင်းတွေသာ ကျွန်တော်မြင်နေရတယ်။ ဒါပေါ့ဂ်ဘာအမှားမှ မဟုတ်တာ။ အရမ်းကောင်းတဲ့ တစ်ချို့ဘောလုံးသမားတွေထက် သူက လစာ ဆယ်ဆလောက်ပိုရနေတယ်။ သူဟာ အရမ်းအလုပ်ကြိုးစားတဲ့မိသားစုကနေ ပေါက်ဖွားလာတာပါ။ သူတို့ ညီအစ်ကိုသုံးယောက်ရှိတယ်လို့ သိရပါတယ်။ ဒီညီအစ်ကိုတွေအတွက် သူတို့မိဘတွေ အရမ်းရုန်းကန်ခဲ့ရမှာပါ" လို့ မော်ရင်ဟိုက ပြောပါတယ်။

လူတွေရဲ့ အပြောကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်သာ ကိုယ်လုပ်တတ်တဲ့ ပေါ့ဂ်ဘာရဲ့ အရည်အသွေးကြောင့် မိမိကျေနပ်တယ်လို့ ရော့စတော့ဗ်နဲ့ ယူရိုပါလိဂ်ပွဲမတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

 

ပေါ့ဂ်ဘာဟာ လက်ရှိရာသီအစမှာ မန်ယူအသင်းအတွက် စတင်ကစားပေးခဲ့တာဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၈ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ